
“ မီ ” ရုပ်ရှင်ဇာတ်ကားကို ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ပြုလုပ်မည့် Asean Cinema Week တွင် နိုဝင်ဘာ ၁၅ ရက်နှင့် နိုဝင်ဘာ ၁၆ ရက်များ၌ ပြသမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာရုပ်ရှင် ပွဲတော်များတွင် ပြသခွင့်ရရှိခဲ့သည့် မီ ရုပ်ရှင်ဇာတ်ကားကို ကိုရီးယားနိုင်ငံရှိ မြို့ကြီးများ၌ နိုဝင်ဘာလအတွင်း ပြသရန် စီစဉ်ထားကာ ဘူဆန်မြို့တွင် နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်များ၌ ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။ Asean Cinema Week တွင် အာဆီယံနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများအား ပြသရန် စီစဉ်ထားခြင်း ဖြစ်ကာ မီ ဇာတ်ကားကိုလည်း ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။
“ မီဇာတ်ကားကို မြန်မာပရိသတ်တွေ ရှိနေတဲ့ ပြည်ပနိုင်ငံတွေမှာ ပြသခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီတစ်ခေါက်မှာလည်း ကိုရီးယားမှာလုပ်မယ့် Asean Cinema Week မှာလည်း ပြသသွားဖို့ ရှိပါတယ်။ ကိုရီးယားရောက် မြန်မာပရိသတ်တွေလည်း အားပေးနိုင်ပါတယ်’’ ဟု သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု က ဆိုသည်။
မီရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာမ ကြည်အေး၏ဝတ္ထုကို ဒါရိုက်တာဏကြီးက ရိုက်ကူးထားခြင်းဖြစ်ကာ သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်၊ အကယ်ဒမီ ပိုင်ဖြိုးသုတို့ ပါဝင်ထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် လောကကြီးအား အရွဲ့တိုက်ကာ ယောကျ်ားများအား ချစ်ဟန်ဆောင်၍ ဘဝကိုတန်ဖိုးမထားသူ မီ ဆိုသည့် မိန်းကလေးမှာ ၎င်းကို တန်ဖိုးထားချစ်မြတ်နိုးသူနှင် ့ဆုံတွေ့သည့်အခါတွင် ဆက်လက်ဖြစ်ပေါ်လာသည်များအား ပုံဖော်ထားခြင်း ဖြစ်သည်။
မီ ရုပ်ရှင်ဇာတ်ကားကို Asean Cinema Week အဖြစ် ကိုရီးယားနိုင်ငံရှိ မြို့ ကြီးလေးမြို့တွင် ပြသရန်စီစဉ်ထားခြင်းဖြစ်ကာ နိုဝင်ဘာ ၁ ရက်နှင့် ၃ ရက်များတွင် ဆိုးလ်မြို့၌ ပြသခဲ့ပြီး ဖြစ်သည်။ ဘူဆန်မြို့တွင် နိုဝင်ဘာ၁၅ ရက်နှင့် ၁၆ ရက်များတွင် Asean Cinema Week ၌ ပြသမည်ဖြစ်ကာ ဒီဇင်ဘာ ၇ ရက်တွင် ဂျယ်ဂျူး၌ ပြသမည် ဖြစ်သည်။ ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် များတွင် ဂွမ်ဂျူးမြို့ရှိ Asean Cinema Week ၌ ပြသရန် စီစဉ်ထားသည်။မီ ရုပ်ရှင်ဇာတ်ကားမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် သွားရောက်ပြသခွင့် ရရှိခဲ့ကာ ပြည်တွင်းတွင်လည်း ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သည့်ဇာတ်ကား ဖြစ်သည်။ မီ ဇာတ်ကားကို ဆိုးလ်မြို့တွင် ပြသခဲ့ရာ၌လည်း ပရိသတ်အများအပြား အားပေးကြည့်ရှုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်