Top News

ပြည်တွင်းစျေးကွက်တွင် ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ဇွန်လအတွင်း ကျပ် ၆၆၀၀၀ သာရှိသော်လည်း  လက်ရှိအချိန်တွင် ကျပ် ၈၀၀၀၀ အထိ စျေးတက်လာပြီး တစ်လအတွင်း ၂၆ ရာခိုင်နှုန်း မြင့်တက်
24htopnews | November 14, 2024 7:12 AM CST

ပြည်တွင်းစျေးကွက်အတွင်း ဆန်ချော ၊ဆန်ကြမ်းများ အမျိုးအစားအလိုက် စျေးတက်နေပြီး ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ဇွန်လအတွင်းက ကျပ် ၆၆၀၀၀ သာရှိ သော်လည်း လက်ရှိအချိန်တွင် ကျပ် ၈၀၀၀၀ အထိ စျေးတက်လာကာ တစ်လအတွင်း ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတွင် ထုတ်ပြန်ထားသည့် စျေးနှုန်းများအရ သိရသည်။

“စျေးထဲမှာတော့ ဒီနေ့ဆိုရင် ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၈၈၀၀၀ ပေးဝယ်ခဲ့ရတယ်။ ရှိသမျှ ဆန်အကုန်စျေးတက်တာ၊ ဆန်ကြမ်းတွေလည်း စျေးတက်ကုန်ပြီ”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူတစ်ဦး ကပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ဆန်အမျိုးအစားအလိုက် စျေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၃၀၀၀ မှ ၈၀၀၀၀၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်းတစ် အိတ်လျှင် ကျပ် ၅၃ဝဝဝမှ ၅၅၀၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀ မှ ၅၅၀၀၀၊ ငစိန်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ မှ ၃၅၀၀၀၊ ရက်-၉၀ တစ်အိတ်လျှင် ကျပ် ၃၄၅၀၀ မှ ၃၆၅၀၀၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၃၁၀၀၀ မှ ၃၂၀၀၀၊ မြီးဒုံးတစ်အိတ်လျှင် ကျပ် ၄ဝဝဝဝမှ ၄၃ဝဝဝစျေး ရှိနေကြောင်း သိရသည်။

“မနေ့ကမှ ကျွန်မဝယ်ခဲ့ရတာရွှေဘို ထိပ်စတစ်အိတ်ကို ၇၆၀၀၀ ပဲရှိတယ်။ တခြားဆန်စျေးတွေကို ကျွန်မမှတ်ခဲ့တာက ဆင်းသုခဆိုရင် တစ်အိတ်ကို ၄၁၀၀၀၊ ရက် ၉၀ ဆိုရင် ၄၀၀၀၀၊ တောင်ပျံ(ရှယ်)ဆိုရင် တစ်အိတ်ကို ၅၁၀၀၀၊ တောင်ပျံထူးထူးရှယ်ဆိုရင် ၆၃၀၀၀ ကျပ်၊ ကြားပျံ(ရှယ်)က ၅၆၀၀၀ စျေးရှိခဲ့တယ်”ဟု စံပြစျေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းမှထုတ် ပြန်ထားချက်အရ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၂၀၁၅ ခုနှစ်တွင် ကျပ် ၄၇၀၀၀၊ ၂၀၁၆ ခုုနှစ်တွင် ကျပ်၄၃၀၀၀၊ ၂၀၂၀ ပြည့်နှစ်တွင် ကျပ် ၅၄၀၀၀ ရှိခဲ့သည်။၂၀၂၂ ခုနှစ် ဇူလိုင်တွင် ကျပ် ၈၀၀၀၀ အထိစျေးတက်လာခဲ့ သည်။


READ NEXT
Cancel OK