
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျပ်သုံးဘီလျံကျော်နှင့် ဒေါ်လာ ၁၄ သန်းခန့်ရှိ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုအသစ် ၁၀ ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး၌ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ အတည်ပြုပေးခဲ့သည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း နှစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှစ်ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းများတွင် ပြည်တွင်းမှ ငါးနှင့်ပုစွန်မျိုးစုံကို တန်ဖိုးမြှင့် ပြုပြင်ထုတ်လုပ်ခြင်း၊ CMP စနစ်ဖြင့် အဝတ်အထည်၊ အိတ်၊ ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ အသင့်စားစားသောက်ကုန် ကြာဇံခြောက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ပြည်ပသို့ တင်ပို့ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၃ ဒသမ ၃ ဘီလျံကျော် (ကျပ် ၃၃၀၉ ဒသမ ၅ သန်း)နှင့် ဒေါ်လာ ၁၃ ဒသမ ၈၁၅ သန်းဖြစ်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုတို့မှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၇၀၀၀ ကျော် ဖန် တီးပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါအစည်းအဝေး၌ ကုမ္ပဏီ ၁၂ ခု၏ အထွေထွေကိစ္စရပ်တင်ပြချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၆/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျပ် ၄ ဒသမ ၄ ဘီလျံကျော်နှင့် ဒေါ်လာ ခုနစ်သန်းနီးပါးရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ခြောက်ခုကို အတည်ပြုပေး ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁ ဒသမ ၄ဘီလျံကျော်နှင့် ဒေါ်လာလေးသန်းနီးပါးရှိသည့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခုကို အတည်ပြုပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၂/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း ၇၀၀ နှင့် ဒေါ်လာခြောက်သန်းနီးပါးရှိသည့် CMP စနစ်ဖြင့် ပလတ်စတစ်ပြားထုတ်လုပ်ခြင်း၊ အဝတ်အထည်ချုပ်လုပ်ခြင်းနှင့် ချည်မျှင်ထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ မတည်ငွေရင်း ကျပ် ၂ ဒသမ ၃ ဘီလျံကျော်နှင့် ဒေါ်လာ ၁၅ ဒသမ ၅ သန်းကျော်ရှိသည့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုတို့ကို ခွင့်ပြုပေးခဲ့သည်။
၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင် ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇ သန်းကျော်ဖြင့် အများဆုံးဝင်ရောက် မြှုပ်နှံထားခြင်းဖြစ်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်