
၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁၈၂၅၅၀ တင်ပို့မှုမှ ဒေါ်လာ ၆၆ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ဆန်နှင့် ဆန်ကွဲပြည်ပသို့ တင်ပို့နေသည့်ကုမ္ပဏီ ၄၃ ခုမှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းဆန်တန်ချိန် ၁၂၃၆၁၃တန်၊ ဆန်ကွဲစုစုပေါင်း ၅၈၉၃၇ တန်ဖြင့် ဆန်နှင့်ဆန်ကွဲတန်ချိန်စုစုပေါင်း ၁၈၂၅၅၀ တန်တင်ပို့ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ ၆၆ သန်းရရှိခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ပထမပတ်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၅ ဒသမ ၂၄၇ သန်း တန်ဖိုးရှိဆန်တန်ချိန် ၁၄၁၁၀ ကျော်တင်ပို့ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဆန်တင်ပို့မှုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၂၇၀ ကျော်၊ တရုတ်နိုင်ငံသို့ဆန်တန်ချိန် ၁၁၁၈ တန်ကျော်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၈၀၊ စင်ကာပူနိုင်ငံသို့ ဆန် ၂၄ တန်၊ အီတလီနိုင်ငံသို့ဆန်တန်ချိန် ၆၄၀ ကျော်၊ ဂျာမနီနိုင်ငံသို့ ဆန် ၃၇၇ တန်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀ နှင့် ချက်ဇ်နိုင်ငံသို့ ဆန်တန်ချိန် ၁၀၀ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှဆန်ကွဲတန်ချိန် ၂၅၆၀ တင်ပို့ပြီး တန်ဖိုးဒေါ်လာ သုည ဒသမ ဒသမ ၈၉၉ သန်း ရရှိခဲ့သည်။ တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀၆၀ နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀၀ တင်ပို့ခဲ့သည်။
အဆိုပါကာလအတွင်း ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁၆၆၇၀ ကျော်တင်ပို့ပြီးနှင့် တန်ဖိုးဒေါ်လာ ၆ ဒသမ၁၄၆ သန်းရရှိခဲ့သည်။
ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ သုည ဒသမ ၉၄၂ သန်းပိုမိုပြီး တန်ချိန် ၂၆၀၀ ကျော် ပိုမိုခဲ့သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ်အတွင်း လအလိုက်ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ၄၂ ဒသမ ၄ သန်း ၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွ င် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခုနစ်သောင်းကျော်တင်ပို့ခဲ့ပြီး အာဖရိကနိုင်ငံများသို့ ဆန်အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၁၉၂၆၀ ကျော်တင်ပို့ခဲ့သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်