
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးသုံးဦး နုတ်ထွက်ခိုင်းမှုမှာ အစိုးရကို အကြည်ညိုပျက်စေသဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကို ရှင်းလင်းစေချင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် ကချင်ပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်း ၃၇ ဖွဲ့က ဇန်နဝါရီ ၂၁ ရက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသည့်အဖွဲ့မှ ဦးဘရန်အောင် က “ထုတ်ပြန်ချက် ထုတ်ပြန်တာက ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်ချက်ဟာ ဘယ်သူ့ရဲ့ ညွှန်ကြားချက်ပဲဖြစ်ဖြစ် ဒီမိုကရေစီနည်းလမ်းလည်း မကျဘူး။ ဒါကြောင့် မည်သည့် အကြောင်းရင်းကြောင့် နုတ်ထွက်စေတယ်၊ တွေ့ရှိတဲ့အပြစ်နဲ့ အကြောင်းအရာတွေကို ပွင့်လင်းမြင်သာစွာ အများပြည်သူကို ရှင်းလင်းပေးဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ၃၇ ဖွဲ့က တောင်းဆိုခဲ့တာပါ။ ဒီလိုပဲ အထက်က မကြိုက်လို့ ဖြုတ်တာဆိုရင်တော့ အာဏာရှင်ပါပဲ။ ဥပဒေ စည်းကမ်းနှင့်အညီပဲ လုပ်ဆောင်စေချင်တယ်”ဟု ပြောကြားသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်တို့ သုံးဦးကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က နုတ်ထွက်စာတင်ရန် ဇန်နဝါရီ ၁၈ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီး ဦးမြသိန်းမှာ ဇန်နဝါရီ ၁၈ ရက် တွင် ကျန်းမာရေးအခြေအနေ အကြောင်းပြ၍ လည်ကောင်း၊ ဝန်ကြီး ဒေါက်တာသင်းလွင် မှာ ဇန်နဝါရီ ၂၁ ရက်တွင် မိသားစုအခြေအနေကို အကြောင်းပြ၍ လည်းကောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ထံ နုတ်ထွက်စာများ တင်ခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကို ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဇန်နဝါရီ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် လက်မှတ်ထိုးရန် အကြောင်းကြားခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ယခုလုပ်ရပ်ကို လက်မခံနိုင်သဖြင့် လက်မှတ် မထိုးခဲ့ကြောင်း ပြောကြားသည်။
ဝန်ကြီးဦးHလအောင်က “ကျွန်တော်ကတော့ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ လက်မှတ်မထိုးနိုင်ဘူးလို့ ပြောလိုက်တယ်။ လူမှာ လူ့ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်။ အထက်က ထိုးခိုင်းတိုင်း ကျွန်တော် မထိုးနိုင်ဘူး။ ဥပဒေအရ ပြစ်မှုတစ်စုံတစ်ရာ၊ လုပ်ငန်းအရ တစ်စုံတစ်ရာရှိလို့ ညွှန်ကြားချက်ရှိရင် ကျွန်တော်တို့က ဖြေရှင်းရမှာပဲ။ နိုင်ငံတော်သမ္မတတို့၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အနေနဲ့လည်း ဥပဒေနဲ့၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတာ မညွှန်ကြားဘူးလို့ ယုံတယ်။ လုပ်ခဲ့ရင်လည်း အာဏာရှင်ပဲ။ ဒီအဖွဲ့အစည်းကို အယုံအကြည် မရှိတော့ဘူး ”ဟု ဆိုသည်။
အစိုးရအဖွဲ့သည် အုပ်ချုပ်ရေးအဖွဲ့ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းကို change commanded အဆင့်ဆင့် ညွှန်ကြားသည့် လုပ်ရိုးလုပ်စဉ် ရှိပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ညွှန်ကြားသလား ဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ “အထက်ဆိုတော့ အကုန်ပါကြောင်း” ဇန်နဝါရီ ၂၁ ရက်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က မီဒီယာများကို ဖြေကြားခဲ့သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့သို့ တိုင်ကြားခံရခြင်းများ ရှိခဲ့သော်လည်း ယခုနုတ်ထွက်စာ တင်ရသူ တစ်ဦးမျှ မပါဝင်ခဲ့ပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်