
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၁ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၄၀၀၀ ကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး (တိုင်းရွေးကောက်ပွဲအရာရှိ) ဦးအောင်မျိုးလွင်က ပြောကြားသည်။
မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းစဉ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန၊ လဝကဝန်ကြီးဌာနတို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်က တည်းက လူဦးရေစာရင်းများ ကောက်ယူခြင်း၊ အခြေခံမဲဆန္ဒရှင်များ၏ စာရင်းပြုစုခြင်းများကို ဆောင်ရွက်ခဲ့ပြီး လက်ရှိ ၂၀၂၀ ပြည့်နှစ် ဇူလိုင်အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ စစ်ကိုင်းတိုင်း ဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၁ သိန်းကျော်နှင့် မဲရုံပေါင်း ၄၀၀၀ ကျော်ရှိကြောင်း ဦးအောင်မျိုးလွင်က ဆိုသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈ သိန်းကျော်သာရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ သုံးသိန်းကျော် တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။
“၂၀၁၅ ခုနှစ်တုန်းကတော့ ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာ မဲဆန္ဒရှင်စာရင်းက ၃၈ သိန်းကျော် ရှိပါတယ်။ အခုဆိုလို့ရှိရင် မဲဆန္ဒရှင်အင်အား သုံးသိန်းကျော် တိုးလာတာဖြစ်ပါတယ်။ တိုးလာတဲ့ အကြောင်းရင်းတွေကတော့ ပြောင်းရွှေ့ဝင်ရောက်လာတာတွေရှိသလို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်တဲ့ မဲဆန္ဒရှင်တွေရှိတဲ့အတွက်ကြောင့် သုံးသိန်းကျော် မဲဆန္ဒရှင် အင်အားတိုးလာတာ ဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ကျွန်တော်တို့ တိုင်းထဲမှာ မဲရုံပေါင်း ၃၇၁၂ ရုံနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၁၀၂ ရုံ လျာထားစီစဉ်ထားပါတယ်။ မဲရုံပေါင်း ၃၉၀ တိုးချဲ့ထားပါတယ်” ဟု ဦးအောင်မျိုးလွင်က ပြောကြားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် မသန်စွမ်းမဲဆန္ဒရှင်စာရင်း တစ်သောင်းခွဲနီးပါးရှိကြောင်း ၎င်းက ပြောကြားသည်။
“မဲရုံတွေကို လျာထားသတ်မှတ်တဲ့အခါမှာ မသန်စွမ်းမဲဆန္ဒရှင်များ အပါအဝင်မဲဆန္ဒရှင်တွေ လွယ်လွယ်ကူကူနဲ့ မဲပေးနိုင်ဖို့အတွက် ကျွန်တော်တို့က စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ မသန်စွမ်း မဲဆန္ဒရှင်တွေကိုလည်းပဲ ဥပဒေမှာ ပေးထားတဲ့ အခွင့်အရေးအတိုင်း တန်းတူအခွင့်အရေး မဲပေးနိုင်အောင်လည်းပဲ မဲရုံတွေကို စီစဉ်ဆောင်ရွက်ပေးထားပါတယ်” ဟု ဦးအောင်မျိုးလွင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်