
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ နှစ်ပတ်ကြာကြေညာပေးမည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သည်။
ပထမအကြိမ် ကြေညာကပ်ထားမည့် အဆိုပါ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရက်ကွက်၊ ကျေးရွာအုပ်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် လာရောက်ကြည့် ရှုနိုင်မည်ဖြစ်သည်။
မဲဆန္ဒရှင်များ မဲစာရင်းလာရောက် ကြည့်ရှုစဉ်မဲစာရင်းတွင် မိမိအမည်စာရင်း မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုနိုင်ပြီး မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေလျှင် ပုံစံ (၄) ဖြင့် ကန့်ကွက်ရန်နှင့် မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေလျှင်ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်ကြောင်း ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လိုအပ်သည့် ပုံစံများကို ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ပြီး ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးလျှင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာမှုကို အောက်တိုဘာလတွင် နှစ်ပတ်ကြာထပ်မံကြေညာမည်ဟု ကော်မရှင်က ထုတ်ပြန်သည်။
ယင်းသို့ ထပ်မံကြေညာချိန်တွင်လည်း လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများကို မဲဆန္ဒရှင်များ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ကော်မရှင်က ဆိုသည်။
မဲစာရင်းတွင် မိမိအမည်ပါရှိမှ မဲပေးခွင့် ရရှိမည်ဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန် ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက် လာရောက်ကြည့်ရှု စစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ရန် ကော်မရှင်က မေတ္တာရပ်ခံသည်။
အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူမှုကို ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့ပြီး ကောက်ယူထားမှုအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သူ ၃၇ သန်း ကျော်ရှိကာ တပ်မတော်သားနှင့် အတူနေ မိသားစုဝင်များ၏ မဲစာရင်း ပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကော်မရှင်က ကြေညာထားပြီး ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကိုလည်း ဇွန်လကုန်ပိုင်းက ကြေညာပြီးဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ ဇူလိုင် ၁၅ ရက်က ကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်