
ကရင်ပြည်သူ့ပါတီ (KPP) က အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၌ မြို့နယ် ၁၁ ခုတွင် မဲဆန္ဒနယ် ၂၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီ (KPP) ဥက္ကဋ္ဌ စောသောမတ်စ်က ပြောကြားသည်။
လက်ရှိတွင် ကိုယ်စားလှယ်လောင်းများစာရင်းကို ပါတီဗဟိုမှ စိစစ်နေပြီဖြစ်ပြီး ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
“လိုအပ်တဲ့နေရာလည်း ဖိတ်ခေါ်ထားတယ်။ တစ်နေရာလောက်ပဲ တိုးမယ်။ ပြည်သူ့လွှတ်တော် တစ်နေရာလောက်ပါပဲ။ ဒီထက်မပိုပါဘူး။ တွဲတင်တာတို့၊ ဘာတို့မရှိဘူး။ ကိုယ့်စိတ်ဆန္ဒအရ ကရင်ပြည်သူ့ပါတီမှာ ကရင့်အမျိုးသားအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီနည်းလမ်းကျကျ ဝင်ရောက်ပြီး ပါဝင်နိုင်တဲ့သူဆိုရင် တင်နိုင်တယ်။ ကျွန်တော်တို့က ကရင်ပြည်သူ့ပါတီဖြစ်တဲ့အတွက် ဝင်ပြီးတော့မှ အရွေးခံမယ့်သူက ရှားတယ်။ ပြည်သူ့လွှတ်တော် နေရာကသုံးနေရာ၊ လေးနေရာလောက်ပဲ ပါလိမ့်မယ်။ ကျန်တာ တိုင်းဒေသကြီးပဲများတယ်။ တချို့ကျတော့ လူစာရင်းတွေမရတော့ မတင်နိုင်တော့ဘူး။ ကျွန်တော်တို့က အဘက်ဘက်မှာ ဘဏ္ဍာရေးကလည်း မရှိတဲ့အပေါ်မှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းတွေကလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရွေးမယ့်အပိုင်းတွေပေါ့ဗျာ။ ဒါတွေရှိတဲ့အခါကျတော့ ဝင်ရောက်အရွေးခံမယ့်အပေါ်မှာ သူတို့ကို အများကြီးကျေးဇူးတင်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီ (KPP) ဥက္ကဋ္ဌ စောသောမတ်စ်က ပြောကြားသည်။
KPP ပါတီက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်နှင့် မဲဆန္ဒနယ်များမှာ မြောင်းမြမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးမဲဆန္ဒနယ် နှစ်နေရာ၊ ဟင်္သာတမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ် တစ်နေရာ၊ ၀ါးခယ်မမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ် တစ်နေရာ၊ သာပေါင်းမြို့နယ်တွင် တိုင်းဒေသကြီးမဲဆန္ဒနယ် တစ်နေရာ၊ ငပုတောမြို့နယ်တွင် တိုင်းဒေသကြီးမဲဆန္ဒနယ်နှစ်နေရာ၊ အိမ်မဲမြို့နယ်တွင် တိုင်းဒေသကြီးမဲဆန္ဒနယ် တစ်နေရာ၊ ကျုံပျော်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်နှစ်နေရာ၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်နှစ်နေရာ၊ ပန်းတနော်မြို့နယ်တွင် တိုင်းဒေသကြီးမဲဆန္ဒနယ် တစ်နေရာ၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ် တစ်နေရာ၊ ဓနုဖြူမြို့နယ်တွင် တိုင်းဒေသကြီးမဲဆန္ဒနယ် တစ်နေရာတို့ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်သူ့ပါတီအနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်တည်ရသည့်ပါတီဖြစ်သည့်အတွက် ကရင်တိုင်းရင်းသားများက မဲပေးမှသာ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကရင်လူထုကို ပြောချင်တာက ကျွန်တော်တို့ပါတီက အမှန်အတိုင်းပြောရရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တယ်။ ဘဏ္ဍာရေး မရှိဘူး။ မဲအောင်နိုင်ရေးဆိုတာကလည်း ဒေသဆိုင်ရာတွေမှာ မြို့နယ်ဥက္ကဋ္ဌတို့ ဒါနံပါတ်တစ် အရေးအကြီးဆုံးပဲ။ အထူးသဖြင့် ကရင်တွေမဲပေးမှ ကရင်တွေမဲနိုင်မယ်ဆိုတာလည်း ဒါသိဖို့ အရေးကြီးတယ်။ နောက်တစ်ခုက အရွေးခံမယ့်ကိုယ်စားလှယ်လောင်းတွေကလည်း အရည်အချင်းရှိမှလည်း ကျွန်တော်တို့ အောင်မြင်မှာဖြစ်တဲ့အတွက် ကရင်လူမျိုးတွေရော၊ အခြားလူမျိုးတွေရော ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့က ဒီအပတ်ကျတော့ လူကိုကြည့်ပါဆိုလို့ရှိရင်တော့ ဒီနေရာမှာ ဖြူတာ၊ မဲတာမကြည့်ဘဲနဲ့ တော်တဲ့သူတွေကို ကြည့်ပြီး မဲပေးပါလို့ ဒီလိုပဲပြောချင်ပါတယ်။ ကျွန်တော်တို့ သိတာက လူနည်းစုအခွင့်အရေးကို လူများစုက မပယ်နိုင်တဲ့ ဒီမိုကရေစီနည်းလမ်းအရ အရွေးခံမှာပါ။ နိုင်တာ ရှုံးတာ အကြောင်းမဟုတ်ပါဘူး” ဟု စောသောမတ်စ်က ပြောကြားသည်။
ကရင်တိုင်းရင်းသားများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင်ခြောက်ခုစလုံးတွင် ပျံ့နှံ့နေထိုင်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း ဒုတိယလူဦးရေအများဆုံး တိုင်းရင်းသားလူမျိုးလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်