
ပါတီတာဝန်မှ ရပ်နားခံရသော ၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များက ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာနချုပ်သို့ ဇူလိုင် ၁၆ ရက်က လာရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်တောင်းသော်လည်း တွေ့ခွင့်မရကြောင်း သိရသည်။
အဆိုပါ ပါတီဌာနချုပ်သို့ လာရောက်တွေ့ဆုံခွင့်တောင်းခံသော ပါတီတာဝန်များမှ ရပ်နားခံရသည့် ၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မွန်းတည့် ၁၂ နာရီခန့်က ရောက်ရှိကာ တွေ့ဆုံခွင့်တောင်းခံခဲ့ပြီး ညနေရုံးဆင်းချိန် ၅ နာရီခန့်အထိ စောင့်ဆိုင်းခဲ့ကြသော်လည်း တွေ့ခွင့်မရခဲ့ပေ။
“ကျွန်တော်တို့ ဒီနေ့လာပြီးတော့ တွေ့ခွင့်တောင်းတဲ့ စာတင်တယ်။ နောက် ဒေါက်တာမျိုးညွန့်က မီဒီယာမှာ ထုတ်ပြောထားတဲ့ အချက်အလက်အတိုင်း ကျွန်တော်တို့က ကန့်ကွက်ပါတယ်ဆိုပြီး ပြောထားတာကို ကျွန်တော်တို့က ကန့်ကွက်တာမဟုတ်ဘူးဆိုတာ လာပြောတာပါ။ ခုနက ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးဉာဏ်ဝင်း ပြန်အဆင်းမှာ မေးတော့ သူတို့မသိပါဘူးတဲ့။ ဒီကိစ္စက ဧရာဝတီတိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့် လုပ်သွားတာပါတဲ့။ ဒီလိုပြောတယ်” ဟု ပါတီတာဝန်မှ ရပ်နားခံရသော ၀ါးခယ်မမြို့နယ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသောင်းမြင့်က ပြောကြားသည်။
၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌကို လွန်ခဲ့သည့်သုံးလခန့်က တာဝန်မှ ရပ်နားလိုက်ခြင်းအား မြို့နယ်အလုပ်အမှုဆောင်အတွင်းရေးမှူးက အစည်းအဝေးခေါ်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့်စာကို လက်မှတ် ရေးထိုးခြင်းကြောင့် အတွင်းရေးမှူးအားပါတီဝင်အဖြစ်က ရုပ်သိမ်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့များက ဗဟို၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်းကြောင့် အလုပ်အမှုဆောင်အဖွဲ့ကို ဖျက်သိမ်းခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်၏ ပြောကြားချက်အား လာရောက်ဖြေရှင်းခြင်းဖြစ်ကြောင်း ပါတီဝင်အဖြစ်မှ ရုပ်သိမ်းခံရသည့် ဦးအောင်ကြွယ်က ပြောကြားသည်။
“ဇူလိုင် ၁၁ ရက် ည ၉ နာရီက တိုင်းရုံးအဖွဲ့မှူးကနေတစ်ဆင့် Viber နဲ့ ဦးအောင်ကြွယ်ကို ပါတီဝင်အဖြစ်ကပါ ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ စာအရလည်းကောင်း၊ ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီခန့်မှာ မြောင်းမြခရိုင် NLD ဥက္ကဋ္ဌ ဦးတင်ဝင်းထံမှတစ်ဆင့် ကျွန်တော်တို့ မြို့နယ်အလုပ်အမှုဆောင်တစ်ဖွဲ့လုံးကို တာဝန်က ရုပ်သိမ်းတယ်ဆိုတဲ့ စာအရ လာဖြေရှင်းတာပါ။ ဘာကြောင့် နားတယ်ဆိုတာ အစကမသိရပါဘူး။ နောက်မှ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌကို လွန်ခဲ့တဲ့သုံးလခန့်က တာဝန်က ရပ်နားလိုက်တယ်။ ဒီရပ်နားလိုက်တဲ့အခါမှာ ကျွန်တော်က မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို အစည်းအဝေးခေါ်တယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်က ဆန့်ကျင်တယ်ဆိုတဲ့စာကို ရေးပြီးတင်လို့ ဒီစာမှာ လက်မှတ်ထိုးလို့ ကျွန်တော်က ပါတီဝင်အဖြစ်ကပါ ရုပ်သိမ်းခံရတယ်။ ကျန်တဲ့အလုပ်အမှု ဆောင်အဖွဲ့တွေက ဗဟိုရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်တာကြောင့် အလုပ်အမှုဆောင်အဖွဲ့ကို ဖျက်သိမ်းတယ်ဆိုတဲ့ ဒေါက်တာမျိုးညွန့်ရဲ့ ပြောကြားချက်ကို လာရောက်ဖြေရှင်းတာပါ” ဟု ဦးအောင်ကြွယ်က ပြောကြားသည်။
၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအား တာဝန်မှရပ်နားခြင်းသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပေးအပ်သော ပညာသင်ထောက်ပံ့ကြေးစရိတ် (တစ်မြို့နယ်လျှင် တစ်ယောက်)ဖြစ်သည့် တစ်လ တစ်သောင်းကျပ် (တစ်နှစ်လျှင် ရှစ်သောင်းကျပ်) အား ရက်လွန်ပြီးမှ ပေးအပ်သည်ဟု စစ်ဆေးပေါ်ပေါက်ခြင်းကြောင့်ဖြစ်ကြောင်း ပါတီတာဝန်မှ ရပ်နားခံရသော ၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသောင်းမြင့်က ပြောကြားသည်။
“ဒီလိုအရေးယူခံရတဲ့အပေါ်မှာ ကန့်ကွက်ထားတာမရှိဘူး။ ဒီအပေါ်မှာလည်း တိုင်းမှာ အယူခံလျှောက်ပြီး ဖြေရှင်းဆောင်ရွက်နေတယ်။ ဒီလိုအရေးမယူခင်မှာ ဥက္ကဋ္ဌက တိုင်တာတွေနဲ့ ဖြစ်လာတဲ့အတွက် စိတ်ညစ်လာတဲ့အတွက် ထွက်မယ်ဆိုပြီး ကျွန်တော်တို့ပါတီကို ပြောပါတယ်။ မြို့နယ်ကို ပြောတဲ့အတွက် အလုပ်အမှုဆောင်အားလုံးကနေပြီးတော့ ဒီလိုတော့ ထွက်လို့မရဘူး။ ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့က ကန့်ကွက်တယ်။ ဥက္ကဋ္ဌ အနစ်နာခံခဲ့ရတာများပြီ။ အများကြီးအနစ်နာခံပြီး လုပ်ခဲ့တာဖြစ်တဲ့အတွက် မထွက်ပါနဲ့လို့ ဗဟိုကို ကန့်ကွက်တာတစ်ခုမှမပါပါဘူး။ တိုင်းမှာ စစ်နေတုန်း အဲဒီတုန်းက ဥက္ကဋ္ဌကို မထုတ်ရသေးဘူး။ အဲဒီအချိန် ကျွန်တော်တို့ လပတ်မြို့နယ်အစည်းအဝေးမှာ ဥက္ကဋ္ဌက နုတ်ထွက်မယ်ဆိုလို့ ကန့်ကွက်တာ။ ဒါပြီးမှ နောက် တိုင်းအစည်းအဝေးမှာ ဥက္ကဋ္ဌကို အရေးယူတာ။ ဘယ်ကနေဘယ်လိုဆက်စပ်ပြီး အလုပ်အမှုဆောင်အဖွဲ့ပါ ဒီလိုဖြစ်တာလည်းမသိဘူး” ဟု ဦးသောင်းမြင့်က ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဆောင်ခြင်း မရှိသဖြင့် မေးမြန်းနိုင်ခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်