
မြို့နယ်အချို့တွင် ဆက်သွယ်ရေးတာ၀ါတိုင်များ ဖျက်ဆီးခံရမှုများ ရှိနေပြီး အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ကာ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ဆက်သွယ်ရေးကွန်ရက်များ နိုင်ငံတစ်ဝန်းလုံး ဖြန့်ကျက်နိုင်စေရန်အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေးတာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ စိုက်ထူ ဆောင်ရွက်ပေးထားရှိခဲ့သော်လည်း လူတစ်စုက အဆိုပါ ဆက်သွယ်ရေးတာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ရှိရကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေလျှံအနောက်ကျေးရွာ၏ အနောက်ဘက် နှစ်ဖာလုံခန့်အကွာ လယ်ကွင်းအတွင်း၌ စိုက်ထူထားရှိသည့် MYTEL ဆက်သွယ်ရေး တာဝါတိုင်အောက်ခြေရှိ ထိန်းချုပ်ရေးစက်ခန်းအား အမှိုက်များ ထည့်သွင်းကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါစက်ခန်းအတွင်းရှိ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုးများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၅ ရက် နံနက် ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်း-ဗန်းမော်ကားလမ်း၏ မိုင်တိုင်အမှတ် ၁၅ မိုင် ၁ ဖာလုံအနီးလမ်း၏ အရှေ့ဘက်တွင် စိုက်ထူထုတ်လွှင့်လျက် ရှိသော ဥသမနိသသ ဆက်သွယ်ရေးတာဝါတိုင် အောက်ခြေရှိ တာဝါတိုင်ထိန်းချုပ်ထုတ်လွှင့်ရေးစက်များ ထည့်ထားသည့် စက်ပုံးအား လူတစ်စုက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့၍ အဆိုပါစက်ပုံး၊ စက်ပုံးအတွင်းရှိ စက်များနှင့် ကေဘယ်လ်ကြိုးများ ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့အတူ စက်တင်ဘာ ၅ ရက် နံနက် ၂ နာရီအချိန်ခန့်တွင်ပင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာနေ ဦးကျော်စိုး (၅၀) နှစ်၏ နေအိမ်ခြံဝင်းအတွင်း စိုက်ထူ၍ ထုတ်လွှင့်လျက်ရှိသော ဥသမနိသသ ဆက်သွယ်ရေးတာ ၀ါတိုင်အနီးသို့ကျေးရွာ၏အရှေ့ဘက်မှ မောင်းနှင်လာသည့် လူသုံးဦး (စိစစ်ဆဲ) စီးနင်းလာသည့် ဆိုင်ကယ်နှစ်စီးရောက်ရှိလာပြီး ၎င်းတို့သုံးဦးအနက် တစ်ဦးက တာဝါတိုင်ဝင်းအတွင်း ဝင်ရောက်ကာ တာဝါတိုင်အောက်ခြေရှိ တာဝါတိုင်ထိန်းချုပ် ထုတ်လွှင့်ရေးစက်များ ထည့်ထားသည့် စက်ပုံးအား အသင့်ယူဆောင်လာသော ဓာတ်ဆီပုံးမှ ဓာတ်ဆီများလောင်းကာ မီးရှို့၍ ရွာလယ်လမ်းအတိုင်း စဉ့်ကူးမြို့နယ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့် အဆိုပါစက်ပုံးမီးလောင်မှုဖြစ်ပေါ်ခဲ့ပြီး အနီးအနားရှိ ကျေးရွာသားများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့် တာဝါတိုင်အောက်ခြေရှိ စက်ပုံးအတွင်းမှ စက်များနှင့် ကေဘယ်လ်ကြိုးများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များအား ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်