
အနုပညာရှင်များ၊ အွန်လိုင်းဆယ်လီများအနေဖြင့် ပေးဆောင်ရန်နောက်ကျနေသည့် အခွန်များကို ပေးဆောင်ကြရန် တရုတ် အခွန်အာဏာပိုင်များက အချိန် ၁၀ ရက်ပေး ထားသည်။
အခွန်ရှောင်မှုပြဿနာကို တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာခြင်းဖြစ်ပြီး လတ်တလောတွင် အနုပညာဆို ရှယ်မီဒီယာနယ်ပယ်မှ ထင်ရှားသူအချို့လည်း များစွာသောဒဏ်ကြေးများဖြင့် အရေးယူခံ ထားရသည်။
မိမိတို့၏ဝင်ငွေကို လျှော့ဖော်ပြထားသည့် အနုပညာရှင်များက နှစ်ကုန်အမီ စာရင်းပြန်မတင်ပါက ပြင်းထန်စွာ အပြစ်ပေးခံရနိုင်သည်ဟုလည်း ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုံ၊ ကျဲ့ကျန်း၊ ကျန်းဆူးအပါအဝင် နိုင်ငံတစ် ဝန်းရှိအခွန်ဌာနများက ဒီဇင်ဘာ ၂၂ ရက် တွင် သတိပေးထားသည်။
တရုတ်နိုင်ငံ၏ Livestream ဘုရင်မ ဟုခေါ်ကြသည့် အွန်လိုင်းဆယ်လီ ဟွမ်ဝေကို အခွန်ရှောင်တိမ်းမှုဖြင့် မကြာသေးမီက အမေရိကန်ဒေါ်လာ သန်း ၂၁၀ ဒဏ် ရိုက်လိုက်ပြီး နောက်ပိုင်း ယခုသတိပေးချက်များ ထွက်လာခြင်း ဖြစ်သည်။ အွန်လိုင်းမှ လိုက်ဖ်လွှင့် စျေးရောင်းခြင်းသည် တရုတ်နိုင်ငံ၏ ရေပန်းအစားဆုံး စျေးရောင်းနည်းတစ်ခုဖြစ်လာပြီး ဖော်လိုဝါ သန်း ၁၁၀ ကျော်ရှိသည့် ဟွမ်ဝေ၏ ဆိုရှယ်မီဒီယာအကောင့်များလည်း အပိတ်ခံလိုက်ရသည်။
အသက် ၃၄ နှစ်သာရှိသေးသော်လည်း ဟွမ်ဝေသည် ဘီလျံနာပင်ဖြစ်နေပြီး တရုတ် သတင်းများအရ သူမ၏ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလျံ ရှိကာ တရုတ်တွင် အချမ်းသာဆုံးလူ ၅၀၀ ထဲ ပါဝင်နေသည်။
အခွန်ရှောင်မှုဖြင့် အမေရိကန်ဒေါ်လာ ၁၀.၂ သန်း နိုဝင်ဘာတွင် ဒဏ်ရိုက်ခံလိုက်ရသည့် အွန်လိုင်းဆယ်လီနောက်တစ်ဦးလည်း ရှိသေးသည်။ ရွှယ်လီဆိုသည့် ၎င်းမိန်းကလေးသည် ဝေပိုလူမှုကွန်ယက်တွင် ဖော်လိုဝါ ၁၃. ၂ သန်းဖြင့် တရုတ်နိုင်ငံ၏ နာမည်ကြီး Influencer များထဲမှ တစ်ဦးဖြစ်သည်။
သူမသည် ၂၀၁၈ ခုနှစ်တွင် ရွှယ်လီနာမည်ဖြင့် အဝတ်အစားအမှတ်တံဆိပ်တစ်ခု ကိုယ်ပိုင်ထုတ်လုပ်ကာ Liver Streaming အလုပ်ကို ၂၀၁၉ ခုနှစ်တွင်စတင်ပြီး စျေးရောင်းခဲ့သည်။ သို့သော် ဒဏ်ရိုက်ခံရပြီး နောက်ပိုင်း အွန်လိုင်းစျေးရောင်းခြင်းကို မလုပ်ကိုင်တော့ပေ။
သြဂုတ်လကလည်း တရုတ်မင်းသမီး ကျန့်ရွှမ် အခွန်ရှောင်မှုဖြင့် အမေရိကန် ဒေါ်လာ ၄၆ သန်း ဒဏ်ရိုက်ခံလိုက်ရသည်။ ထိပ်တန်းမင်းသမီး ဖန်ပင်းပင်းမှာမူ ၂၀၁၈ အခွန် ရှောင်မှုအရှုပ်တော်ပုံ ထွက်လာပြီးနောက်ပိုင်း အနုပညာအလုပ်များ ရပ်တန့်သွားသည်။ ၎င်းမတိုင်မီက ဖန်သည် တရုတ်နိုင်ငံ၏ ဝင် ငွေအကောင်းဆုံး မင်းသမီးများထဲမှ တစ်လက်ဖြစ်ပြီး X-Men နှင့်Iron Man ဇာတ် လမ်းများတွင် ပါဝင်ခဲ့သည်။
ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်သံဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့က အနုပညာရှင်များ၏ အခွန်ရှောင်မှုကို လုံးဝသည်းခံမည်မဟုတ်ဟု ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်