
BLACKPINK အဖွဲ့ဝင် လီဆာက ပရိသတ်များအတွက် အထူးသဖြင့် Blinks (BLACKPINK ပရိသတ်) များအတွက် သူမ၏ တစ်ကိုယ်တော်သီချင်း Money ကို ခရစ္စမတ်ဗားရှင်းဖြင့် ကပြပေးထားသည်။
၎င်းဗားရှင်းသစ်ကို လီဆာ၏ You Tube ချန်နယ် Liliflim တွင် တင်ပေးထားပြီး ယခု ခရစ္စမတ်တွင် တစ်ခုခုကို ထူးထူးခြားခြား လုပ်ချင်သည့်အတွက် သူမက Snow Princess လိုဝတ်ဆင်ကာ Moneyသီချင်းကို ဗားရှင်း ပြောင်းထားကြောင်း၊ ၎င်းဗီဒီယိုကို Blinks များအတွက်ရည်ရွယ်ကြောင်း၊ များသောအားဖြင့် Blinks များသည် ယခုလိုဗီဒီယိုများကို မြင်ရလေ့မရှိသည့်အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။
ဒီဇင်ဘာ ၂၂ ရက်တွင် လီဆာသည် Spotify သမိုင်းတစ်လျှောက် အချိန်ကာလအတိုဆုံးဖြင့် Streaming ကြည့်ရှုမှု သန်း ၅၀၀ ကျော်ရခဲ့သည့် ကေပေါ့အဆိုတော် ဖြစ်လာခဲ့သည်။ ရက်ပေါင်း ၁၀၃ ရက်အတွင်း LALISA၊ MONEY နှင့် SG (DJ Snakeတို့နှင့် Collab သီချင်းသုံးပုဒ်တည်းဖြင့် Streaming သန်း ၅၀၀ ကျော်သွားခြင်းဖြစ်သည်။
လီဆာသည် ပြီးခဲ့သည့် နိုဝင်ဘာက ကိုဗစ်ကူးစက်ခံလိုက်ရပြီး ဒီဇင်ဘာ ၄ ရက် တွင် BLACKPINK အေဂျင်စီ YG Entertainment က “လီဆာ ပြန်လည်သက်သာလာပြီ။ ကွာရန်တင်းလည်းပြီးသွားပြီ”ဟု ကြေညာ ခဲ့သည်။
လီဆာ ကိုဗစ်ကူးစက်ခံထားရကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် သတင်းထွက်လာပြီး ကျန်အဖွဲ့ဝင်သုံးဦးတွင်မူ မကူးထားဟု နောက်တစ်နေ့တွင် ကြေညာခဲ့သည်။ လီဆာသည် ဗီဒီယိုတစ်ခု မရိုက်ကူးမီ အဖြေ Positive ထွက်လာခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်မကူးမီ နိုဝင်ဘာလလယ်က သူမကို လတ်စ်ဗေးဂတ်စ်ရှိ လူအပြည့် နိုက်ကလပ်တစ်ခုတွင် DJ Snake နှင့် တွဲမြင်လိုက်ရသေးသည်။
အမည်ရင်း လာလီဆာ မာနိုဘန်ဟုခေါ်သည့် လီဆာသည် စက်တင်ဘာ ၁၀ ရက်တွင်Lalisa အမည်ဖြင့် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ထားပြီး Title သီချင်း Lalisa သည် You Tube ပေါ်ရောက်ပြီး ၂၄ နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေ ၇၃.၆ သန်းဖြင့် Solo Artist တစ်ဦး၏ လူကြည့်အများဆုံး သီချင်း ဗီဒီယိုအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်