
မြန်မာ့လူမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍရှိ ပရဟိတလုပ်ငန်းများ၊ CSR နှင့် လူမှုအကျိုးပြု ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေးပံ့ပိုးကူညီမှုများ လိုအပ်နေကြောင်း ငွေကြေးချိတ်ဆက်ထောက်ပံ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် AVPN က ၎င်း၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး၊ အသေးစားငွေချေးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် စသည့်ကဏ္ဍများတွင် လုပ်ကိုင်နေသည့် လူမှုအ ခြေပြုအဖွဲ့အစည်းများရှိပြီး၂၀၁၈ ခုနှစ်တွင် DaNa Facility ကပြုလုပ်သည့် လေ့လာမှုအရ အဆိုပါ အဖွဲ့အစည်းများ၏ ရာခိုင်နှုန်း ၃၀ ခန့်ကသာ ဘဏ္ဍာရေးဖူလုံမှုရှိသည်ဟု ဆိုသည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုရင်းနှီးမြုပ်နှံမှု ၁၅ ခု ရှိခဲ့ပြီး အရှေ့တောင်အာရှဒေသတွင်းတွင် အကြိမ်ရေ ဒုတိယအများဆုံး ဖြစ်ခဲ့သော်လည်း ရင်နှီးမြုနှံမှုပမာဏ စုစုပေါင်းမှာ ဒေသတွင်းတွင် ဒုတိယအနည်းဆုံးအဖြစ် ဒေါ်လာ ၂၆ မီလျံသာရှိခဲ့သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၈၀ ကျော်အား အသေးစားငွေချေးလုပ်ငန်းများတွင် အသုံးပြုခဲ့ပြီး ပညာရေး၊ ခရီးသွား လုပ်ငန်းနှင့် သတင်းနှင့် နည်းပညာလုပ်ငန်းများ စသည့်ဖြင့် အသုံးပြုခဲ့ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုအများစုအား အောင်မြင်သည့်နှုန်း အမြင့်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် ရှိခဲ့ကြောင်း ဖော်ပြထားသည်။
AVPN အနေဖြင့် တတိယအကြိမ်မြောက်ဖြစ်သည့် မြန်မာနိုင်ငံတွင်း အကျိုးပြုလုပ်ငန်းများ အရှိန်မြှင့်တင်ရန် ဒေသတွင်း လူမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ဖိုရမ်ကို ဖေဖော်ဝါရီ ၂၆ ရက်ကရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်းသို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေးလုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းများအား အရင်းအနှီးပံ့ပိုးပေးသူနှင့် ကြားခံချိတ်ဆက်ပေးသူ အများအပြား ဝင်ရောက်လာသော်လည်း အဆိုပါ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်း အပေါ်များစွာ အကျိုးသက်ရောက်စေမည့် ခိုင်မာသောလုပ်ငန်းစဉ်များ မလုပ်ဆောင်နိုင်သေးကြောင်းနှင့် အရင်းအနှီးပံ့ပိုးသူများ၊ ကြားခံချိတ်ဆက်ပေးသူများနှင့် လူမှုဆိုင်ရာ စွန့်ဦးတီထွင်သူများအကြား လိုအပ်မှုရှိနေပုံပေါ်ကြောင်း ဖော်ပြထားသည်။
“၂၀၃၀ မှာ သတ်မှတ်ထားတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အောင်မြင်ဖို့ တစ်နှစ်ကို ဒေါ်လာသန်းပေါင်းများစွာ လိုအပ်ပါတယ်။ အကယ်၍ ဘဏ္ဍာရေးမိတ်ဖက်များနဲ့အတူ ပူးပေါင်းတာအပြင် တစ်ယောက်နဲ့တစ်ယောက်ကူညီနိုင်မဲ့ မိတ်ဖက်တွေနဲ့ အတူပူးပေါင်းဆောင်ရွက်မှုတွေမလုပ် ဆောင်ပါက ရည်မှန်းချက်တွေ ရရှိနိုင်မှာ မဟုတ်ပါဘူး” ဟု AVPN ၏ Chief Startegy Officer ဖြစ်သူ Allison Hollowell က ပြောသည်။
စိန်ခေါ်မှုအဖြစ် မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်ပြီး လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် စွန့်ဦးတီထွင်သူများအနေဖြင့် ကြိုးနီစနစ်များကြောင့် လုပ်ငန်းနှောင့်နှေးခြင်းမျိုးကြုံရခြင်း၊ အခြေခံအဆောက်အဦမဖွံ့ဖြိုးခြင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်းများ အားနည်းသေးခြင်း စသည့်အချက်များရှိနေသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်