
လေးလခွဲအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၅၀ ကျော် အပါအဝင် ကျပ် ၇၃၆ ဘီလျံကျော်အထိ ရှိနေပြီး နှစ် ၃ဝအတွင်း အိမ်ခြံမြေဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စုစုပေါင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၉)ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးအမှတ်စဉ်(၃/ ၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအတည်ပြု လုပ်ငန်းသုံးခုခွင့်ပြုခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု၊ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခုနှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု ခွင့်ပြုခဲ့သဖြင့် ယခု အစည်းအဝေးကာလအတွင်း စုစုပေါင်းလုပ်ငန်းသုံးခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁ ဒသမ ၂၄၈ သန်းအပါအဝင် ကျပ် ၁၀၇၅၀ သန်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၇၆ ဦးကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ခွင့်ပြု/အတည်ပြုလုပ်ငန်း သုံးခုမှာ စက်မှုကဏ္ဍတစ်ခုနှင့် ဟိုတယ်ကဏ္ဍနှစ်ခုတို့ဖြစ်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုအတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၉ ခု၊ ဒေါ်လာ ၂၁၂ ဒသမ ၀၈၈ သန်းအပါအဝင် ကျပ် ၅၇၅၃၅၅ ဒသမ ၆၈၈ သန်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅၁ ဒသမ ၁၈၇ သန်းအပါအဝင် ကျပ် ၇၃၆၆၇၄ ဒသမ ၄၂၈ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သတင်းထုတ်ပြန်ချက်အမှတ်စဉ်(၃/၂၀၁၉)အရ သိရသည်။
၁၉၈၈-၁၉၈၉ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ၃၁ ရက်အထိ စုစုပေါင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀၀၇၇ ဒသမ ၈၆၅ သန်းနှင့် ကျပ် ၁၈၂၃၉ ဘီလျံ ကျော်အထိ ရှိနေသည်။ ကဏ္ဍအလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာကြည့်ပါက အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ၁၈ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်သည်။ အခြားကဏ္ဍများတွင် ၁၆ ရာခိုင်နှုန်းကျော်ဖြင့် တတိယအများဆုံးဖြစ်ကာ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ၁၅ ရာခိုင်နှုန်းကျော်ဖြင့် စတုတ္ထအများဆုံး ဖြစ်သည်။
ထို့ပြင် ဟိုတယ်ကဏ္ဍတွင်လည်း စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၀ ရာခိုင်နှုန်းကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ငါးရာခိုင်နှုန်းကျော်စသည်ဖြင့် မြှုပ်နှံထားကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ငါးလခန့်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်အထိ ဝင်ရောက်ထားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၀၉ ခု အထိခွင့်ပြုပေးထားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် ဒေါ်လာ ၁ ဒသမ ၂၃၅ ဘီလျံကျော်အထိရှိကြောင်း သိရသည်။
ထို့ပြင် ယခင်ခွင့်ပြုပေးထားသည့် လုပ်ငန်းအဟောင်းများက ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးချဲ့မှုမှာ ဒေါ်လာ ၈၆၄ ဒသမ ၄၈၃ သန်း အထိရှိပြီး သီလဝါအထူးစီးပွားရေးဇုန်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀၂ ဒသမ ၀၇၀ သန်းဝင်ရောက်ထားသည့်အတွက် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၈၀၁ ဘီလျံကျော် (၁,၈၀၁ ဒသမ ၆၅၄ သန်း) အထိ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်