
Bobby Soxerလတ်တလောတော့ ရန်ကုန်မှာ ပထမဆုံး ရှိုးပွဲ အနေနဲ့ မေ ၂၈ ရက်မှာ လုပ်မယ့်ပွဲမှာ ပြန်ဆိုဖြစ်ပါမယ်။ ညပိုင်း ရှိုးမဆိုတာ သုံးလနီးပါးလောက် ကြာပြီဆိုတော့ အခုပြန်ဆိုရမှာ စိတ်လှုပ်ရှားနေပါတယ်။ ပရိသတ်တွေနဲ့ အရမ်းဆုံချင်တယ်။ ထက်ထက် အကောင်းဆုံး ကြိုးစား ဖျော်ဖြေမှာပါ။ နောက်ပိုင်းလည်း ထက်စာချုပ်ချုပ်ထားပြီးသား ပွဲလေးတွေတော့ ပုံမှန်အတိုင်း ဆိုဖြစ်သွားပါမယ်။ မိုးတွင်းမှာတော့ ထက်ရဲ့ အမ်တီဗွီတွေထဲက indoor ရိုက်လို့ ရမှာလေး နည်းနည်း ရိုက်ဖြစ်ဖို့ရှိမယ်။ နောက်စီးရီး အသစ်အတွက်လည်း ကြားထဲအားနေတဲ့ အချိန်တွေမှာ သီချင်းရေးတာတွေ ဆိုတာတွေ လုပ်ဖြစ်နေမှာပါ။ မျက်လုံးကတော့ နောက်တစ်ခေါက် ထပ်ပြီး Operation လုပ်ဖို့ ကျန်နေပါသေးတယ်။ထွန်းထွန်းကျွန်တော် လတ်တလောက ‘စူပါစတား’ အမ်တီဗွီလေး ဖြန့်ချိထားတယ်။ အချိန်နည်းနည်း ကြာသွားပေမယ့် အကောင်းဆုံး ကြိုးစားထားတဲ့ အခွေလေး အခုထွက်လာတဲ့ အချိန်မှာ ပရိသတ်တွေလည်း အားပေးတယ် ဆိုတော့ ပျော်ပါတယ်။ ပင်ပန်းရကျိုး နပ်သလို ခံစားရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ပြင်ဦးလွင်မှာ ‘ရွှေမိုး ငွေမိုး သွန်းဖြိုးလို့ရွာ’ ရုပ်သံ ဇာတ်လမ်းတွဲ သွားရိုက်ခဲ့ပါတယ်။ ပျော်စရာကောင်းတဲ့ ဇာတ်လမ်း ပုံစံလေးဆိုတော့ ရိုက်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ ‘ရှင်သန်ခြင်းနှင်းဆီ’ အငြိမ့်မှာ ပါဝင် ကပြပါမယ်။ ပရိသတ်တွေ အားလုံး ပျော်ရွှင် ရယ်မောရမှာတွေ ပါဝင်မှာဖြစ်သလို သတိပြုမိ၊ တွေးတောမိသွားမယ့် အချက်လေးလည်း အပြုသဘောဆောင်ပြီး တင်ပြထားပါတယ်။ ပြီးရင် ဇာတ်ကားတွေ ဆက်ရိုက်ဖို့ ရှိပါမယ်။ ပြင်ဆင်ထားပါတယ်။ ဖန်တီးမှု အသစ်တွေ ကြည့်ခွင့်ရဖို့ ကြိုးစားနေပါတယ်။တင်ဇာမော် လတ်တလောက တောင်ကြီးမှာ ဇွန်လထဲ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့ ရှိတယ်။ အဲဒီပွဲမှာ ဆိုမယ့် သီချင်းတွေကို လေ့ကျင့်နေပါတယ်။ သီချင်းအပုဒ် ၃၀ လောက်ဆိုဖို့ စီစဉ်ထားပါတယ်။ တယ်လီနောနဲ့ မြို့အလိုက် သီချင်းဆို ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင် လုပ်ပေး ဖြစ်နေတယ်။ မန္တလေးက တစ်ကိုယ်တော် ပွဲအခွေလေးလည်း အောက်တိုဘာလောက် ထွက်နိုင်ဖို့ကို ပြင်ဆင်နေပါတယ်။ ဇွန်လမှာလုပ်မယ့် တစ်ကိုယ်တော်ပွဲ ပြီးရင်တော့ အင်္ဂလန်ကို ခဏပြန်ပါမယ်။ ပွင့်လင်း ရာသီမှာ ပြန်လာပြီးတော့ တစ်ကိုယ်တော်ပွဲ အခွေထွက်နိုင်ဖို့ ဆက်ကြိုးစားပါမယ်။ ရန်ကုန်ပွဲ အခွေလေးကို အမှတ်တရ အနေနဲ့ နောက်နှစ် မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ထုတ်ဖြစ်မယ်။ အဲဒီ အခွေအတွက်လည်း စပြီး ပြင်ဆင်နေပါပြီ။ကျော်ကျော်ဗိုလတ်တလောတော့ ‘ရှင်သန်ခြင်း နှင်းဆီ’ အငြိမ့်ကပါမယ်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေအတွက် ကပြတင်ဆက်မှာပါ။ အခုတစ်ခေါက် တင်ဆက် ကပြမှုမှာ မတူကွဲပြားတဲ့ ပြက်လုံး အသစ်တွေ ဖြစ်အောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးစားထား ကြပါတယ်။ အများသိသင့်တဲ့ အကြောင်းအရာ မျိုးတွေကို အပြုသဘောဆောင်တဲ့ ဝေဖန် ထောက်ပြမှုမျိုးတွေ ဖြစ်အောင် ကြိုးစား တင်ဆက်ကြပါမယ်။ ပြီးရင်တော့ ကျွန်တော့်ရဲ့ Ride on Myanmar ခရီးသွား အစီအစဉ်အတွက် ခရီးတွေထပ်ပြီး ထွက်ဖို့ ရှိပါတယ်။အမွန်းလတ်တလောကတော့ အမွန်း သရုပ်ဆောင်အဖြစ် ပါဝင်နေတဲ့ ဇာတ်ကားကို ဆက်ရိုက်နေပါတယ်။ ပထမဆုံး လုပ်ဖြစ်တဲ့ အတွေ့အကြုံဖြစ်လို့ အမွန်း အကောင်းဆုံး ကြိုးစားနေပါတယ်။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အတွေ့အကြုံတွေလည်း ရသလို စိန်ခေါ်မှုတွေ၊ မျှော်လင့်မထားတာတွေလည်း အများကြီးပါပဲ။ အမွန်းကတော့ ဝါသနာပါရာ အနုပညာ အလုပ်ပဲဖြစ်တဲ့အတွက် ဘယ်လောက်ပဲ ခက်ခဲပါစေ အကောင်းဆုံး ကြိုးစားသွားပါမယ်။ သီချင်းခွေသစ် အတွက်လည်း အားတဲ့အချိန်တွေမှာ လုပ်ဖြစ်ပါမယ်။ လောလောဆယ်ကတော့ ဇာတ်ကား ရိုက်ရှိနေလို့ ဒီကားပြီးသွားမှပဲ ပြည်ပ ခရီးစဉ် ထွက်ဖြစ်ဖို့ ရှိပါမယ်။ LA မှာ သီချင်းခွေသစ်အတွက် သွားစီစဉ်ဖို့တွေလည်း ရှိပါမယ်။X Boxလတ်တလောတော့ ကျွန်တော့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီး ‘၉’ ကို မေ ၂၂ ရက်မှာ ဖြန့်ချိပါမယ်။ အဲဒီနေ့ ညနေ ၃ နာရီမှာ လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။ ဒီလ ၂၁ ရက်မှာရော ၂၈ ရက်မှာရော ရန်ကုန်မှာ ရှိုးဆို ဖို့ရှိပါတယ်။ အမိုက်စား သီချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းရမယ့် ပွဲတွေဆိုတော့ လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ နောက်လတွေလည်း နယ်မြို့တွေမှာ ဖျော်ဖြေပွဲတွေ သွားဖို့ ရှိပါမယ်။ ကျွန်တော်တို့ လေးယောက် ပေါင်းပြီး သီဆိုထားတဲ့ ‘၄’ အယ်လ်ဘမ် အမ်တီဗွီကို မေလကုန်ပိုင်းလောက် ထွက်ဖို့ ရှိပါမယ်။ ဒီတွက်လည်း လိုအပ်တာတွေ အများကြီး ပြင်ဆင်နေပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်