
စမတ်ဖုန်းဂိမ်းများ ဖန်တီးသည့် ဖင်လန်ဂိမ်းကုမ္ပဏီ Rovio က လူကြိုက်များသော်လည်း သက်တမ်းကြာလာပြီဖြစ်သည့် ၎င်း၏ Angry Birds ဂိမ်းကို 3D အထူးပြုလုပ်ချက် ဇာတ်ကားအဖြစ် ရိုက်ကူးထားသည့် The Angry Birds Movie ဖြင့် ငွေကြေး အမြောက်အမြားရရှိရန် မျှော်လင့်ထားသည်။Angry Birds ဂိမ်းကို အခြေခံရိုက်ကူးထားသည့်ွှ့ The Angry Birds Movie ဇာတ်ကားကို ကိန်းရုပ်ရှင်ပွဲတော်တွင် မိတ်ဆက်ပြသပြီး မေ ၂၀ တွင် အမေရိကန်၌ ဖြန့်ချိရန် စီစဉ်ထားသည်။ဒါရိုက်တာ ဖာဂယ်ရီလီရိုက်နှင့် အထူးပြုလုပ်ချက် ဇာတ်ကားများဖန်တီးသူ Clay Kaytis တို့ ရိုက်ကူးသည့် ယင်းဇာတ်ကားတွင် ရှောင်ပင်း၊ ဘေဟာဒါ၊ ကိတ်မက်ကင်နွန်၊ ဒန်နီမက်ဘရိုက်၊ Jason Sudeikis၊ Josh Gad၊ Maya Rudolph၊ Tony Hale ၊ ကီဂန် မိုက်ကယ်ကီးနှင့် Peter Dinklage တို့က နောက်ခံအသံဖြင့် သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကား၏ ဖြန့်ချိရေးနှင့် ဈေးကွက်ရှာဖွေရေးကို ဆိုနီက တာဝန် ယူမည်ဖြစ်သည်။၂၀၀၉ ခုနှစ်တွင် စတင်ဖြန့်ချိခဲ့သည့် Angry Birds ဂိမ်းသည် တစ်သက်တာ ဝင်ငွေအများဆုံးရ ဂိမ်းတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်သော်လည်း Angry Birds သည် နောက်ထပ် လူကြိုက်များသည့် ဂိမ်းသစ်များကို ဖန်တီးနိုင်ခဲ့ခြင်း မရှိသဖြင့် ယင်းကုမ္ပဏီ၏ ဝင်ငွေသည် တစ်စတစ်စ လျော့ပါးလာခဲ့ ပြီး ၂၀၁၅ ခုနှစ်တွင် ဝန်ထမ်းသုံးပုံတစ်ပုံကို လျှော့ချခဲ့ရသည်။ Angry Birds ဂိမ်းသည် ဖြန့်ချိပြီး နှစ်နှစ်အကြာတွင် အွန်လိုင်း၌ Download လုပ်သည့်အကြိမ် တစ်ဘီလျံအထိ ရောက်ရှိသည့် ပထမဆုံး မိုလ်ဘိုင်းဂိမ်းအဖြစ် စံချိန်တင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်