
ရာအိမ်မှူးနှစ်ဦးအပါအဝင် ငါးဦးအား သတ်ဖြတ်ခဲ့သည့် Generation Z Power (PDF) အဖွဲ့ဝင်များအား အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၂၁ ရက်ညပို်င်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက် ၃၅ လမ်း၊ ၈၅/၈၆ လမ်းကြား၌ ညောင်ပင်ရင်းမှ ဗုံးတစ်လုံး ပေါက်ကွဲကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ Generation Z Power (PDF) အဖွဲ့ဝင်များ ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် လမ်းမြောက်ဘက်ခြမ်း COFFEE KING ရှိ ဦးဝင်းကိုကို၊ အသက် ၆ဝ နှစ်၊ ၈၁/ ၃၆ လမ်းထောင့်နေသူ၏ ဝဲနားထင် ပေါက်ကွဲအစထိမှန်(သေဆုံး)နှင့် လမ်းတောင်ဘက်ခြမ်းတွင် ရပ်ထားသော 2L/3086 (mazDa Demio) ကားအဖြူရောင် တစ်စီးတို့ ရှေ့ဘန်ကာ ပျက်စီးသွားခဲ့ကြောင်း ထုတြ်ပန်ချက်အရ သိရသည်။
နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ ရာအိမ်မှူး ဦးထွန်းမြင့်အေးအား 42-A လမ်း၊ 91-Cလမ်း သိန်းသန်းဝေ ခေါက်ဆွဲဆိုင်ရှေ့တွင် ဧည့်စာရင်းစာအုပ်သွားရောက်ပို့ဆောင်နေစဉ် Generation Z Power (PDF)အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ပါရှိသည်။
နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာသွား ကားလမ်းမဘေးရှိ ကြယ်စင်လင်းဆိုင်ကယ်ပြင်ဆိုင်တွင် ရေထွက်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဆွေသည် ၎င်း၏ ဆိုင်ကယ်အား ပြုပြင်ရန်စောင့် ဆိုင်းနေစဉ် ရေထွက်သွားကားလမ်းမအနောက်မှ အရှေ့ဘက်သို့ မောင်းနှင်လာသော ကလစ်ဘီးလိမ္မော်ရောင်ဖြင့် လူငယ်နှစ်ဦး ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမြင့်ဆွေ၏ လည်ပင်းဝဲဘက်ဖေါက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
နိုဝင်ဘာ ၂၀ ရက် နံနံက် ၈ နာရီအချိန်ခန့်တွင်လည်း မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ အကွက်(၆၅၀) ၇၆ လမ်း၊ ၃၇/၃၈ လမ်းကြားရှိ ရှမ်းခေါက်ဆိုင်တွင် လူတစ်ဦးသေနတ်ပစ်ခံရကြောင်း သတင်းအရ သွားရောက်စစ်ဆေးမေးမြန်းရာ ၇၆ လမ်းအတိုင်း မြောက်မှတောင်သို့ CZI (အနက်/နံပါတ်ပြားမပါ)ဆိုင်ကယ်ဖြင့် လူ နှစ်ဦး Maskများ တပ်လျက် ရောက်ရှိလာပြီး ရှမ်းခေါက်ဆွဲဆိုင်အတွင်းရှိ ဦးကျော်ဇင်ထက်၊ ၇၆/ ၇၇၊ ၃၆/ ၃၇ လမ်းကြား ဟေမမာလာမြောက်ရပ်ကွက်နေသူအား သေနတ်ဖြင့့် နှစ်ချက်ပစ်ခတ်ပြီး ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်ဖြင့် ၇၆ လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးကျော်ဇင်ထက်၏ ဝဲပါး တစ်ချက်၊ လည်ပင်း ဝဲဘက်ခြမ်း တစ်ချက် ဖောက်ဝင်ဒဏ်ရာများရရှိပြီး ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ယင်း PDF အဖွဲ့ဝင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ၁၉ လမ်းတွင် Generation Z Power (PDF)အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေစဉ် ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်းပေါ်ရှိ အဆုတ်ရောဂါကုသရေးဆေးရုံအနီးသို့ အရောက်တွင် PDF အဖွဲ့ဝင် လေးဦးမှ လမ်းပေါ်တွင် မောင်းနှင်လာသော မောင်ဝင်းပြည့်စိုး၊ ဆိုင်ကယ်ဝပ်ရှော့၊ အောင်မင်္ဂလာ(၁)ရပ်ကွက်၊ ပုသိမ်းကြီးမြို့နယ်နေသူအား သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားခဲ့ပြီး ၎င်း၏ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးစဉ် လုံခြုံရေးအဖွဲ့များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပါရှိသည်။
ဖြစ်စဉ်တွင် Generation Z Power(PDF) အဖွဲ့မှ ဒု-အဖွဲ့ခေါင်းဆောင် ကျွဲကြီး(ခ)သက်နိုင်ထွန်း(ခ)သက်နိုင်၊ Gener ation Z Power (PDF) အဖွဲ့ဝင် ဘဏ္ဍာရေးတာဝန်ခံ အကြီးကောင်(ခ)မိုးကို၊ အဖွဲ့ဝင် ဇေယျာနှင့် ကျော်စွာလင်းတို့လေးဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို နှစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ လက်ပစ်ဗုံး နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်