
မြန်မာနိုင်ငံအနေဖြင့် ပိုမိုကောင်းမွန်တောက်ပသော အနာဂတ်လူ့အဖွဲ့စည်းဖြစ်ရန် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့်အတူ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားသည်။
တရုတ်-အာဆီယံဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်နှင့် အဆင့်မြင့်အရည်အသွေးရှိ နေထိုင်မှုဝန်းကျင်ပြပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က Video Key Note ဖြင့် အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ယခုဖိုရမ်ကို ကျင်းပခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အာဆီယံ-တရုတ်မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ-တရုတ်အသိုက်အဝန်းအတွက် အပြန်အလှန်အကျိုးစီးပွားရရှိစေရေး အားဖြည့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူနေမှုအဆင့်အတန်း မြင့်မားသော လူမှုအသိုက်အဝန်းဖြစ်ထွန်းလာစေရန် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို နိုင်ငံအသီးသီးရှိ ကဏ္ဍအလိုက်ကျွမ်းကျင်သူများနှင့်ခေါင်းဆောင်များက အတွေ့အကြုံများမျှဝေကာ အပြန်အလှန်နှီးနှောဖလှယ်ခွင့် ရရှိမည်ဖြစ်သည့်အတွက် အထူးအခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ကျေးလက်-မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ကာဗွန်လျော့နည်းသော ဖွံ့ဖြိုးတိုးတက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ စီးပွားရေးနှင့်လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုများ၊ Belt and Road Initiative အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများစသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းဖြင့် ပိုမိုရင်းနှီးသော တရုတ်-အာဆီယံအသိုက်အဝန်းတွင် ပါဝင်ခွင့်ရရှိပြီး ပိုမိုလေ့လာခွင့်များလည်း ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယခုဖိုရမ်သည် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတိုးတက်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အသိုက် အဝန်းများတည်ဆောက်ရန်အတွက် အလွန်ပင်အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပိုမိုကောင်းမွန်တောက်ပသော အနာဂတ်လူ့အဖွဲ့အစည်း ဖြစ်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့်အတူတကွ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါဖိုရမ်သို့တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်အာဆီယံနိုင်ငံများမှ အစိုးရအဆင့်မြင့်အရာရှိကြီးများ၊ တရုတ်မှအင်ဂျင်နီယာနှင့်ကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်း/ပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းများမှ ပညာရှင်များ၊ ပြည်နယ်အသီးသီးရှိ အိမ်ရာနှင့်မြို့ပြ-ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ အရာရှိများ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေး အတိုင်ပင်ခံလုပ်ငန်း၊ ဒီဇိုင်းလုပ်ငန်းနှင့်ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတို့မှ ပညာရှင်များနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များပါဝင်တက်ရောက်ပြီး RCEP မူဝါဒများနှင့်အခွင့်အလမ်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ အင်တာနက်၊ အများပြည်သူ လုံခြုံမှုနည်းပညာနှင့် မြို့ပြလုံခြုံမှု၊ Smart Infrastructure ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်ဆောက်လုပ်ရေးနှင့် အဆောက်အအုံများတိုးတက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် ကာဗွန်ထုတ်လုပ်မှုနှင့်ကာဗွန်စုပ်ယူမှုမျှခြေရှိသည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်