
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇွန်အထိ ကိုးလအတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာသန်း ၉၆၀ ကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု ဒေါ်လာ သန်း ၇၀၀ နီးပါးဖြင့် ကုန်သွယ်မှု အသာစီးရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၉၄ ဒသမ ၉၆၄ သန်း တင်ပို့ထားပြီး ဂျပန်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ၂၇၁ ဒသမ ၇၀၀ သန်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၆၆ ဒသမ ၆၆၄ သန်း ရရှိထားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၁၄၁၅ ဒသမ ၇၁၁ သန်း၊ ဂျပန်ဘက်မှ သွင်းကုန် တန်ဖိုးဒေါ်လာ ၄၈၀ ဒသမ ၅၇၁ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၉၆ ဒသမ ၂၈၃ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ်လကုန်အထိ ၁၁ လအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ သမ ၁၉၁ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၂၄၆ ဘီလျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လအထိ ၁၁ လအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၁၉၁ ဒသမ ၈၈၀ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တင်ပို့မှုတန်ဖိုးဒေါ်လာ ၄၉၄၅ ဒသမ ၂၂၁ သန်း ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၂၄၆ ဒသမ ၆၆၀ သန်း တင်သွင်းထားသည်။
ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့မည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုမြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr.Ichiro Maruyama က ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြောကြားထားသည်။
“ မြန်မာနိုင်ငံက လူဦးရေများတဲ့အတွက် ပြည်တွင်းစျေးကွက်ကိုလည်း အင်မတန်မှစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်။ မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ အဲဒီကြောင့်မို့ ဥပမာမြန်မာပြည်မှာ ထုတ်တဲ့ ပစ္စည်းများကို အိမ်နီးနားချင်းနိုင်ငံများကို Export လုပ်ဖို့ အဲဒီမှာစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေများပါတယ်” ဟု H.E.Mr.Ichiro Maruyama က ပြောကြားသည်။
ထို့အပြင် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းများ တင်သွင်းပြီး ကုန်ချော ပြန်လည်ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းများကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။
“အိမ်နီးနား ချင်းနိုင်ငံများက ကုန်ကြမ်းကို မြန်မာနိုင်ငံကိုသွင်းပြီး အဲဒီကုန်ကြမ်းကိုအသုံးပြုပြီး ပစ္စည်းထုတ် အဲဒီပစ္စည်းကို မြန်မာနိုင်ငံပြည်တွင်း စျေးကွက်ကို ရောင်းမယ့်အဲဒီလို လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်” ဟု H.E.Mr.Ichiro Maruyama က ပြောကြားသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၁၇ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ထို့အပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှပ်နှံထားသည့် လုပ်ငန်းပေါင်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၆၇၀ ကျော်အထိရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်