
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် အပြန်အလှန်ဝန်းရံကူညီမည်ဟု တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် UNA နှင့် အလုပ်သမား၊ လယ်သမားသမဂ္ဂများနှင့် ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲဆိုင်ရာ ဦးဆောင်ကော်မတီတို့က ဇူလိုင် ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။
အထွေထွေရွေးကောက်ပွဲကိစ္စ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများအပေါ် ဇူလိုင် ၂၃ ရက်က ရန်ကုန်မြို့ရှိ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးမဟာမိတ် (UNA) ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးမှုအပြီး ယင်းသို့ နှစ်ဖက်ပူးတွဲကြေညာခြင်းဖြစ်သည်။
အလုပ်သမား၊ လယ်သမားသမဂ္ဂများ ကိုယ်စားပြု တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဖြစ်ရာ UNA အဖွဲ့ဝင် ပါတီအချို့နှင့် မဲဆန္ဒနယ် မထပ်စေရန်၊ အပြန်အလှန်ဝန်းရံကူညီရန် ဆွေးနွေးညှိနှိုင်းထားသည်ဟု UNA ပြောရေးဆိုခွင့်ရှိသူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။
“ သူတို့ကသမဂ္ဂ အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒီဘက်က နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ ဖြစ်တဲ့အခါ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ကမ်ပိန်းတွေလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ဦးမျိုးကျော်က ပြောကြားသည်။
အလုပ်သမား၊ လယ်သမားသမဂ္ဂများနှင့် ဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အလုပ်သမားတို့၏ ရပိုင်ခွင့်များ၊ သက်ဆိုင်ရာကိစ္စများတွင် ကိုယ်စားပြုဆောင်ရွက်ရန် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ရွေးချယ်၍ အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်မည်ကို UNA မှ ကြိုဆိုသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
တစ်ဖန် UNA ၏ တိုင်းရင်းသားလူမျိုးများအရေး၊ ဒီမိုကရေစီအရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဆောင်ရွက်ချက်များအား အပြန်အလှန် သိရှိနားလည် လက်ခံကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ၌ အလုပ်သမားအရေး၊ တောင်သူလယ်သမားများအရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းများကိုလည်း ရှာဖွေဆောင်ရွက်သွားမည်ဟု ပူးတွဲကြေညာချက်တွင် ပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်