
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမည့်ရက်အား မူလလျာထားရက်ထက် တစ်ပတ်နောက်ဆုံးထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များအတွက် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်လျက်ရှိသည်။
“ ကျွန်တော်တို့ ညီလာခံကျင်းပရေး ကိစ္စပေါ့။ ညီလာခံကျင်းပရေးကိစ္စကတော့ ရှစ်ကြိမ်မြောက် JICM အစည်းအဝေးမှာ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ၂၀၂၀ ပထမ လေးလတာကာလအတွင်းမှာ ကျင်းပဖို့ JICM ဆုံးဖြတ်ထားတယ်။ အကြောင်းကြောင်းကြောင့် COVID-19 ကာလဖြစ်တဲ့အတွက် နောက်ကို ရွှေ့ခဲ့ရတယ်။ ပြီးရင် သြဂုတ်လ၊ ဒီလပေါ့၊ ၁၂၊ ၁၃၊ ၁၄ ကျင်းပမယ်ဆိုပြီးတော့ လျာထားတာရှိတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆၊ ၂၇၊ ၂၈၊ ၂၉ ရန်ကုန်မှာ လေးရက် ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်အဖွဲ့အစည်းအဝေးမှာ ညီလာခံကျင်းပမယ့်ရက်ကို လာမယ့်သြဂုတ် လ ၁၉၊ ၂၀၊ ၂၁ အဲဒီမှာ ကျင်းပဖို့ သတ်မှတ်လျာထားခဲ့တယ်။ အခုတစ်ဖက်မှာလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် ကာလရှိတဲ့အတွက် ဒီထက်တော့ ကျွန်တော်တို့ နောက်ဆုတ်လို့ မရဘူး။ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စည်းရုံးလှုပ်ရှားမှုတွေ ဆောင်ရွက်ရတဲ့ အနေအထားဖြစ်တော့ ကျွန်တော်တို့ ၁၉၊ ၂၀၊ ၂၁ ကျင်းပဖို့ ရှိပါတယ်။ အဲဒါတွေတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ သဘောတူထားတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
လက်ရှိကျင်းပနေသည့် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့အစည်းအဝေးတွင် အဓိကဆွေးနွေးသည့် အကြောင်းအရာသည် ရှစ်ကိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ထားသည့် တရားဝင် အစည်းအဝေးများကို Bilateral အစည်းအဝေးများနှင့်အပြိုင်သွားရန် ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်