
ရှမ်းပြည်နယ်အခြေပြု ကချင်အမျိုးသားပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် မြို့နယ်နှစ်မြို့နယ်တွင် မပြိုင်မဖြစ် သုံးနေရာ ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကချင်အမျိုးသားပါတီသည် ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် အမျိုးသားလွှတ်တော်တစ်နေရာ၊ ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် တစ်နေရာ စုစုပေါင်း သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင် သွားရန် လျာထားပြီး ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တစ်နေရာအတွက် ဆုံးဖြတ်နေဆဲဖြစ်ပြီး လာမည့် သြဂုတ်လ ၃ ရက်တွင် သိရမည်ဖြစ်ကာ ဝင်ပြိုင်ဖြစ်လျှင် လေးနေရာ ဖြစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်အမျိုးသားပါတီကို ၂၀၂၀ ပြည့် နှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းတည် ထောင်ခဲ့ခြင်းဖြစ်ပြီး ကချင်တိုင်းရင်းသား အများစု နေထိုင်ကြသော ရှမ်းပြည်နယ် မြောက် ပိုင်းရှိ မြို့နယ်နှစ်နေရာတွင် ဝင်ပြိုင် ခြင်းဖြစ်ကြောင်း သိရသည်။
“ပါတီအနေနဲ့ ပြောရမယ်ဆိုရင် ပါတီရည်ရွယ်ချက်ကလည်း တိုင်းပြည်မှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား ပေါင်းစုံ တန်းတူညီ မျှရေး အခွင့်အရေးရရှိဖို့၊ လူတိုင်းပြောနေ ကြတာရှိတယ်။ နိုင်ငံတော်အစိုးရကလည်း ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို သွားနေချိန် ဆရာတို့အနေနဲ့လည်း အဲဒီ မူဝါဒအတိုင်း လိုက်လျှောက်မယ်။ တိုင်းရင်း သား လူမျိုးအားလုံး ချစ်ခင်ရင်းနှီးစွာ ဥမကွဲ သိုက်မပျက် အတူတကွ အားလုံးမျှော်မှန်းထား တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တက်ညီလက်ညီနဲ့ အတူတကွ သွားကြရ အောင် လို့ ပြောချင်တာပေ့ါ။ ပြည်သူကလည်း တိုင်းပြည်ရဲ့အရေးဖြစ်တဲ့အတွက် မဲရုံသွားပြီး မဲပေးကြပါ။ တချို့ ပြည်သူတွေကလည်း မဲရုံ မသွားချင်တာရှိတာပေ့ါ။ တိုင်းပြည်အတွက် ကို လူတိုင်း လူတိုင်း မဲရုံသွားပြီး မဲပေးကြပါ။ ကိုယ့်နိုင်ငံတော်ကို အကောင်းဆုံး ဦးဆောင်နိုင်တဲ့သူကို မဲပေးကြပါလို့ အဲလို ပြောချင်တာ ပေ့ါလေ” ဟု ကချင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနော်ခမ်းက ပြောကြားသည်။
ဦးနော်ခမ်း သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်နိုင်ခဲ့သော လက်ရှိ ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇုတ်ဒေါင်၏ သားဖြစ်ပြီး ဦးဇုတ်ဒေါင်သည် လည်း ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် တစ်သီး ပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားရန် ပြင် ဆင်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ကချင်တိုင်းရင်းသား လူဦးရေပေါင်း ရှစ်သောင်းကျော် နေထိုင်ပြီး၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ခုနစ် နေရာတွင် စတုတ္ထမြောက် လူဦးရေ အများဆုံး တိုင်းရင်းသားလူမျိုးစု ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်