
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အစိုးရတာဝန် မထမ်းဆောင်မီ အနီးကပ်နေထိုင်ခဲ့သူ ဒေါက်တာ တင်မာအောင်သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဒေါက်တာ တင်မာအောင်ကို တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်စေရန် လျာထားကြောင်း ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။
“လျာထားတယ်။ မနက်ဖြန် (သြဂုတ် ၂ ရက်) လောက်မှ အတည်ပြုဖို့ ပြောလို့ရ မယ်။ CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) မထိုင်ရသေးတာ။ အတည်ပြုစာရင်းထွက် ပြီးမှ အတိအကျပြောလို့ ကောင်းမှာပေါ့ နော်။ လျာထားတာကတော့ ပြည်နယ်လွှတ်တော်ပါ” ဟု ဦးမျိုးကျော်က သြဂုတ် ၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။
ဒေါက်တာ တင်မာအောင်သည် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနီး တွင် တာဝန်များ ထမ်းဆောင်ခဲ့ရာမှ အနားယူပြီးနောက် ၎င်း၏ဖခင်ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းတွင် ဝင်ရောက်လုပ် ကိုင်လျက်ရှိသည်။
ဒေါက်တာစောမြအောင်သည် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် (ALD) တည်ထောင်သူဖြစ် ကာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင် အထည်ဖော်ရေးနှင့် လွှတ်တော်ခေါ်ယူရေး တို့အတွက် ရည်ရွယ်ဖွဲ့စည်းသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) တွင် ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ALD ပါတီသည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲမတိုင်မီတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ပူးပေါင်းကာ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ရပ်တည်ခဲ့သော်လည်း သဘောထား ကွဲလွဲမှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပါတီတစ်ရပ် ပြန်လည်ထူထောင်ခဲ့သည်။
ALD ပါတီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်ရှိ မြို့နယ်များအပါ အဝင် ကျောက်တော်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဉာဏ်လင်းထွန်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်