
JMC-S အစည်းအဝေးနှင့် JICM အစည်းအဝေးများကို လာမည့်ရက်ပိုင်းအတွင်း ကျင်းပရန် အစိုးရနှင့် အလုပ် NCA- S EAO အဖွဲ့အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းဗဟိုဌာန (NRPC) တွင် သြဂုတ် ၁ ရက်မှ ၂ ရက်အထိ ကျင်းပခဲ့သည့် အစိုးရနှင့် NCA- S EAO အလုပ် အဖွဲ့အစည်းအဝေးတွင် JMC-S အစည်းအဝေးနှင့် JICM အစည်းအဝေးများကို လာမည့်ရက်ပိုင်းအတွင်း ကျင်းပရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ ကျွန်တော်တို့ရဲ့ အလုပ်အဖွဲ့တွေက အဓိကအားဖြင့် JMC-S ကို ဘယ်လိုဆက်ပြီးတော ့ဆွေးနွေးကြမလဲ။ ဘယ်လိုသွားကြမလဲ ဆိုတာကို သဘောတူညီခဲ့တယ်။ ဒါဆို ကျွန်တော်တို့က ဒီနှစ်ဖက်ရဲ့ JMC-S အစည်းအဝေးကိုတော့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ နောက်ဆုံးအပတ်မှာ ကျင်းပသွားဖို့ ကျွန်တော်တို့ သဘောတူထားတယ်။ ရှေ့ဆက်သွားမယ့် အစည်းအဝေးက ကျွန်တော်တို့ ၄ ရက်၊ ၅ ရက်မှာ အလုပ်အဖွဲ့သီးသန့် ထပ်ဆွေးနွေးမယ်။ ဒီနေပြည်တော်မှာလုပ်မယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
အဆိုပါ အလုပ်အဖွဲ့ သီးသန့်ဆွေးနွေးပြီးပါက သက်ဆိုင်ရာ EAO ခေါင်းဆောင်များထံ တင်ပြဆွေးနွေးပြီးနောက် အပြီးသတ် JICM အပြီးသတ်အကြိုဆွေးနွေးပွဲကို သြဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး JICM အစည်းအဝေးကို သြဂုတ် ၁၃ ရက်နှင့် UPDJC အစည်းအဝေးအား သြဂုတ် ၁၇ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း နိုင်အောင်မငေးက ဆိုသည်။
၎င်းက “လာမယ့် UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) အစည်းအဝေးကိုတော့ ၁၉၊ ၂၀၊ ၂၁ ရက်နေ့မှာ လုပ်ဖို့ မှန်းထားတာပေါ့။ သက်ဆိုင်ရာ အဖွဲ့အစည်း တင်ပြမယ်။ အဖွဲ့အစည်းတင်ပြပြီးတော့ JICM အစည်းအဝေးမှာ ဆုံးဖြတ်ချက်မယ်ပေါ့။ အဲဒီလိုပုံစံမျိုး ဒီကနေ့ စဉ်းစားထားတာ ရှိပါတယ်”ဟု ဆက်လက် ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ကျွန်တော်တို့ကြားမှာ အခက်အခဲ တွေ့နေတာက JMCS အစည်းအဝေးတွေ ကျင်းပဖို့ပေါ့။ အဲဒါလေးတွေ ကျွန်တော်တို့ အခက်အခဲ ဖြစ်နေတယ်။အဲဒါ နဲ့ပတ်သက်ပြီး နဂိုက နှစ်ဖက်အလုပ်အဖွဲ့တွေကြားမှာ အကျေအလည် ပြန်ပြီးဆွေးနွေးဖို့ ရှိတဲ့အတွက် နေပြည်တော်မှာ ဒီကနေ့ အ စည်းအဝေး အောင်မြင်စွာပြီးဆုံးတယ်။ နှစ်ဖက်ကြားမှာ ရှိနေတဲ့ စိုးရိမ်မှုတွေ၊ ဖြစ်ပေါ်နေတဲ့ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ။ ဒါတွေအားလုံး နှစ်ဖက်စလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးရင်တော့ ကျွန်တော်တို့ သဘောတူညီချက် ရယူနိုင်တဲ့အတွက် ကျွန်တော်တို့ အောင်မြင်တဲ့ အစည်းအဝေး ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် RCSS က JMC အစည်းအဝေးများ၌ ပါဝင်ခြင်းမှ ရပ်ဆိုင်းမည်ဟု ကြေညာချက်ထုတ်ခဲ့ပြီး ၂၀၁၈ နိုဝင်ဘာတွင် KNU က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပါဝင်ခြင်းမှ ရပ်ဆိုင်းထားသည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ဆွေးနွေးပွဲတွေ မပါတော့ဘူးဆိုတဲ့ သဘောဖြစ်သွားတော့ JICM ကို ကျွန်တော်တို့က ပြန်သွားတယ်။ ကျွန်တော်တို့က တရားဝင်လမ်းကြောင်းကို အောက်က သွားမလား။ အပေါ်က သွားမလားပေ့ါ။ Bottom ကစ သွားမယ်ဆိုရင် UPDJC ပြန်ခေါ်။ JMC တွေ ပြန်ခေါ်။ ပြီးမှ JICM တက်ပြီးတော့ အတည်ပြုချက် ယူတဲ့ဟာပေါ့။ သို့သော် ကျွန်တော်တို့ကြားမှာ ဖြစ်လာတာသည် နိုင်ငံရေးပြဿနာ ဖြစ်သွားပြီပေါ့။ နည်းပညာပြဿနာ မဟုတ်ဘူး။ ဒီနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ကျတော့ နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်အဆင့်မှာ အကျေအလည် ပြန်ညှိရမယ်ဆိုတဲ့ ယူဆချက်နဲ့ အပေါ်ကနေ ပြန်ဆင်းတာ” ဟု ဦးဇော်ဌေးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်