
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇွန် ၁၇ ရက်အထိ ပြည်ပမှရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှု ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၀၅ သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၇ ရက်အထိ ပြည်ပမှရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှု ဒေါ်လာ ၇၀၁ ဒသမ ၁၃၅ သန်းရှိသည်။ယခင်နှစ်ကာလတူက ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှုမှ ဒေါ်လာ ၁၀၀၆ ဒသမ ၈၀၂ သန်းရှိသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လကုန်အထိ ပြည်ပမှ လူသုံးကုန် ပစ္စည်းတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁၇၄၅ ဒသမ ၆၇၄ သန်းရှိသည်။ ယခင်နှစ် ကာလတူက ဒေါ်လာ ၁၆၂၀ ဒသမ ၁၄၉ သန်းတင်သွင်းထားသည်။ အဆိုပါ ကာလတူ နှစ် ခုကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၁-၂၀၂၂ ကြားကာလခြောက်လအတွင်းမှာ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၂၅ ဒသမ ၅၂၅ သန်း ပိုမိုတင်သွင်းထားသည်။
၂၀၂၁-၂၀၂၂ (Mini Budget) တစ်လကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃၀၇၂ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၈၉ သန်းနီးပါးလျော့ကျခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ (Mini Budget) တစ်လကျော်အတွင်း မြန်မာနိုင်ငံမှပို့ကုန်တန် ဖိုးဒေါ်လာ ၁၅၃၃ ဒသမ ၆၉၀ သန်း၊ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၅၃၈ ဒသမ ၇၁၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၀၇၂ ဒသမ ၄၀၇ သန်းရရှိခဲ့သည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းအခြေခံစား သောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ် တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန် ဆောင်မှုကဏ္ဍ စသည်တို့ပါဝင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်