
မြန်မာ့ပို့ကုန်အဖြစ် ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ဆူးလေဆိပ်ကမ်းတံတားများမှ တင်ပို့နေရာ လက်ရှိဆူးလေဆိပ်ကမ်း တံတား ခုနစ်စင်းတွင် သင်္ဘော ငါးစင်းဖြင့် ဆန်တန်ချိန် ၁၄၃၄၀၀ တန်အား ဘယ်လ်ဂျီယံ၊ စပိန်နှင့် တိုဂိုနိုင်ငံများသို့ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်စည်ဖြစ်သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ယခင်နှစ် (၂၀၂၁ခုနှစ် ဧပြီလမှ ၂၀၂၂ခုနှစ် မတ်လအထိ)တွင် ဆူးလေဆိပ်ကမ်းတံတားများ (အမှတ် ၁ မှ ၇ အထိ)မှ စုစုပေါင်းသင်္ဘော ၉၀ စင်းဖြင့် ဆန်တန်ချိန် ၁၃၅၇၂၀၂ တန်ကိုလည်းကောင်း၊ ယခုနှစ် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဇွန်လသုံးလတာအတွင်း စုစုပေါင်း သင်္ဘော ၂၇ စင်းဖြင့် ဆန်တန်ချိန် ၅၈၂၃၃၀ တန်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဆူးလေဆိပ်ကမ်းတံတား ခုနစ်စင်းတွင် အလျား ၁၈၃မီတာရှိ သင်္ဘောကြီး နှစ်စီး၊ ၁၈၆ မီတာရှိ သင်္ဘောကြီး နှစ်စီးနှင့် ၂၀၀ မီတာရှိ သင်္ဘောကြီးတစ်စီး စုစုပေါင်း သင်္ဘောငါးစီး တံတားနေရာပြည့် ဆိုက်ကပ်၍ ဆန်တန်ချိန်စုစုပေါင်း ၁၄၃၄၀၀ တန်ကို တင်ဆောင်ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ သုံးစီး၊ စပိန်နိုင်ငံသို့ တစ်စီးနှင့် တိုဂိုနိုင်ငံသို့ တစ်စီး တင်ပို့ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ၄၂ ဒသမ ၄ သန်း ၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခုနစ်သောင်းကျော်တင်ပို့ခဲ့ပြီး အာဖရိကနိုင်ငံများသို့ ဆန်အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန်၁၁၉၂၆၀ ကျော် တင်ပို့ခဲ့သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀၀ ခန့် တင်ပို့ခဲ့သည်။
မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ အိုင်ဗရီကို့စ်နိုင်ငံသို့ တန်ချိန် ၁၀၀၀၀ ခန့်၊ ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၉၀၀၀ ခန့်၊ အင်ဂိုလာနိုင်ငံသို့ တန်ချိန် ၁၅၀၀၀ ခန့်၊ မက်ဒါဂါးစတားနိုင်ငံသို့တန်ချိန် ၈၅၀၀ ခန့်၊ အာရှနိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့ တန်ချိန် ၁၄၃၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၂၂ဝဝခန့်နှင့် သီရိလင်္ကာနိုင်ငံသို့ တန်ချိန် ၂၅၀ ခန့်၊ ဟောင်ကောင်သို့တန်ချိန် ၁၈၀ ခန့် တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သော ပိုလန်နိုင်ငံသို့ တန်ချိန် ၈၈၀၀ ခန့်၊ လစ်သူရေးနီးယားနိုင်ငံသို့ တန်ချိန် ၈၂၀၀ ခန့် ၊ အီတလီနိုင်ငံသို့ တန်ချိန် ၈၆၉၀ ခန့်၊ စပိန်နိုင်ငံသို့ တန်ချိန် ၁၅၁၈၀ ခန့်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ တန်ချိန် ၇၇၅၀ ခန့်နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ တန်ချိန် ၇၀၀ ခန့် တင်ပို့နိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်