
၂၀၂၂ ခုနှစ် မေလတွင် ပြည်ပသို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သိန်းနီးပါး တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ် မေလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၈ ဒသမ ၁၅၅ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၀၃၃၀၀ ကျော် တင်ပို့ခဲ့ကြောင်း၊မေလအတွင်း ဆန်တင်ပို့သော နိုင်ငံများမှာ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၈၃၂၀၀ ကျော်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၇၇၄၀ ကျော်နှင့် အာဖရိကအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၁၀ တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၄၂၇၀ ကျော်နှင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုမှ ဆန်တန်ချိန် ၂၀၀ ခန့် စုစုပေါင်းတန်ချိန် ၄၄၇၀ ကျော် တင်ပို့ခဲ့ပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၈၆ သန်းကျော်ရရှိခဲ့သည်။
ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန် ၁၀၇၈၅၀ ကျော်၊ တန်ဖိုးဒေါ်လာ ၃၉ ဒသမ ၇၄၁ သန်းရရှိခဲ့ကြောင်း ၊အနီးစပ်ဆုံးကာလ ဧပြီနှင့်နှိုင်းယှဉ်ပါက တန်ဖိုးဒေါ်လာ ၂ ဒသမ ၉၆၇ သန်း ဆန်တန်ချိန် ၁၅၅၀၀ ကျော် လျော့နည်းတင်ပို့ခဲ့ခြင်းမှာ အာဖရိကနိုင်ငံများသို့တင်ပို့မှု လျော့နည်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
မေလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၂၃ ဒသမ ၈၀၁ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၇၄၅၇၀ ကျော် တင်ပို့ခဲ့ ကြောင်း၊ဆန်ကွဲတင်ပို့သော နိုင်ငံများမှာအာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၉၃၀၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၅၄၆၁၀ ကျော်နှင့်အာဖရိကအဖွဲ့ဝင် နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၆၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်မှ ဆန်ကွဲတန်ချိန် ၁၁၄၇၀ ခန့်၊ မြန်မာ-ထိုင်း နယ်စပ်မှ ဆန်ကွဲတန်ချိန်၁၁၀၀ ကျော် စုစုပေါင်းတန်ချိန် ၁၂၅၇၀ ကျော် တင်ပို့ခဲ့ပြီး တန်ဖိုးဒေါ်လာ ၄ ဒသမ ၀၉၈ သန်း ရရှိခဲ့သည်။ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန် သွယ်မှုမှ ဆန်ကွဲတန်ချိန် ၈၇၁၄၀ ကျော်၊ တန်ဖိုးဒေါ်လာ၂၇ ဒသမ ၈၉၉ သန်းရရှိခဲ့သည်။
မေလတွင်ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှဆန်နှင့် ဆန်ကွဲစုစုပေါင်းတန်ချိန် ၁၉၄၉၉၀ ခန့်၊ တန်ဖိုးဒေါ်လာ ၆၇ ဒသမ ၆၄ သန်းရရှိခဲ့သည်။
၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၉၂၆၀ ကျော် တင်ပို့ခဲ့သည်။ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန် ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀၀ ခန့်တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း ၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ဇွန်လတွင် ဒေါ်လာရ၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစု ပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်