
၂၀၂၂ ခုနှစ် ဇွန် ၂၄ ရက်တွင် ငွေလဲကောင်တာများတွင် ဗဟိုဘဏ်စျေးနှုန်းသတ် မှတ်ချက်နီးပါးအတိုင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ်ဝန်းကျင်ဖြင့် စျေး ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၇ ကျပ်ဝန်းကျင်ဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့သော်လည်း ငွေလဲကောင်တာအများစုတွင် တစ်ဒေါ်လာ ကျပ် ၂၀၈၀ ဖြင့် ဝယ်ယူ၍ ၂၀၉၅ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချနေကြောင်း ငွေလဲကောင်တာများတွင် ဒေါ်လာသွားရောက် ရောင်းချသူများထံမှ သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများ အရ သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လအလိုက် ဒေါ်လာရောင်းချခဲ့မှု အနေဖြင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊မတ်လတွင် ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၂၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာ လတွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ် လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်းဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည် ရောင်းချခဲ့သည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် ဇွန် ၂၄ ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၁၇၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၅၂၀ ကျပ်၊ မလေးရှားရင်းဂစ် ၄၆၅ ကျပ်၊ ထိုင်းဘတ် ၆၁ ကျပ်၊ တရုတ်ယွမ် ၃၁၈ ကျပ်၊ ဂျပန်ယန်း ၁၇ ကျပ်တို့ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer-AD)ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးခု၊ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၉ ခုနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခုတို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်