
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၈၆ ဒသမ ၈၂ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၄ ရာခိုင် နှုန်းဝန်းကျင် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှု နှုန်းအခြေအ နေအရ သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်းပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၁၆၁ ဒသမ ၃၃ ရှိခဲ့သည်။ ဇွန်လတွင် ၁၆၀ ဒသမ ၉၈ ရှိခဲ့ပြီး ဒီဇင်ဘာလတွင် ၁၆၂ ဒသမ ၉၄ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၁၆၂ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဇွန်လတွင် ၁၇၀ ဒသမ ၁၃၊ ဇူလိုင်လတွင် ၁၇၁ ဒသမ ၆၃၊ သြဂုတ်လတွင် ၁၇၂ ဒသမ ၉၂၊ စက်တင်ဘာလတွင် ၁၇၄ ဒသမ ၉၇၊အောက်တိုဘာလတွင် ၁၇၉ ဒသမ ၂၀၊ နိုဝင်ဘာလတွင် ၁၈၁ ဒသမ ၇၂ ၊ ဒီဇင်ဘာလတွင် ၁၈၃ ဒသမ ၅၁ အထိ မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ၁၈၄ ဒသမ ၈၉၊ ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၈၆ ဒသမ ၈၂ အထိ ရှိလာခဲ့သည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နို ဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ် ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက် ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုး အစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရ သည်။ စားသုံးသူစျေးဆနှုန်းတွက်ချက်ရန် အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေး ချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက် ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်