
၂၀၂၂ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလ ၂၁ ရက်အထိ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘောစင်းရေ ၅၀၃ စင်းဝင်ရောက် ပြီးဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းမှ ၂၁ ရက်ထိ ကုန်သေတ္တာတင်သင်္ဘော ၃၈ စင်းစက်တင်ဘာတွင် ကုန် သေတ္တာတင်သင်္ဘော ၅၅ စင်း၊ သြဂုတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း၊ ဇူလိုင်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံ တကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၄၉ စင်းဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၃၀၆ စင်း ဝင်ရောက်ခဲ့သည်။ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း ၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ ခု၏ ကုန် သေတ္တာတင်သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာသင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင် ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့သည်။
ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း KMIT ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်မကြာမီ ဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလုပ် မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
အိန္ဒိယ-မြန်မာချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် KMTT@ Kaladan Multi-Transit Transport စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသစ်သည် မကြာမီစတင်လည်ပတ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်တော့မည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းစတင် လည်ပတ်နိုင်ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း လက်ခံကြိုဆိုကြောင်း၊ လိုအပ်သည်များကို အချိန်မရွေးဆက်သွယ်စုံစမ်းလာပါက ကြိုဆိုလျက်ရှိ ကြောင်း အိန္ဒိယကောင်စစ်ဝန်နှင့် KMTT ဆိပ်ကမ်းတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။
ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ် ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်