
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို တရားရုံးသို့ လာရောက်၍ သက်သေထွက်ဆိုရန်ကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာ ၆ ရက် ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
နိုဝင်ဘာ ၃၀ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၃၀ ရက် ရုံးချိန်းတွင် စွပ်စွဲခံရသူ၏ ရှေ့နေက ဒေါက်တာဇော်မြင့်မောင်အနေဖြင့် နေပြည်တော်သို့ လာရောက်နိုင်သည့် အခြေအနေရှိသလို အမှုနှင့်ပတ်သက်၍လည်း သက်သေခံလိုကြောင်း ၎င်း၏ ရှေ့နေဖြစ်သူမှ တစ်ဆင့် သိရှိရကြောင်း တင်ပြခဲ့ပြီး တရားရုံးမှ ဆင့်ခေါ်စာ ထပ်မံထုတ်ပေးရန်နှင့် ဆင့်ခေါ်စာအား ဒေါက်တာဇော်မြင့်မောင်၏ လက်ထဲသို့ တိုက်ရိုက်ချအပ်ပေးရန် လျှောက်ထားခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက် ရုံးချိန်းတွင် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေကြောင့် ခရီးသွားလာခွင့်မပြုကြောင်း အစိုးရ ကျန်းမာရေးအရာရှိက ညွှန်ကြားထားသည့် ကျန်းမာရေး အသိအမှတ်ပြုလက်မှတ်အား တရားသူကြီးက ပြသခဲ့သလို ကျန်းမာရေးအခြေအနေကြောင့် ခရီးသွားလာခွင့် မပြုသည့်အတွက် ဒေါက်တာဇော်မြင့်မောင်အား Video Conferencing ဖြင့် စစ်ဆေးရန်အတွက်လည်း ဥပဒေအရာရှိက တရားရုံးသို့ တင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အထက်ပါကဲ့သို့ ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေကြောင့် တရားရုံးသို့ လာရောက်၍ သက်သေအဖြစ် ထွက်ဆိုနိုင်ခြင်းမရှိသည့်အတွက် Vidoe Conferencing ဖြင့် စစ်ဆေးမည့် အခြေအနေ နှင့်ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့နေများဘက်က အောက်တိုဘာ ၃၀ ရက် ရုံးချိန်းမှသာ မိမိတို့၏သဘောထားကို အကြောင်းပြန်ကြားမည်ဟု တင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် နေပြည်တော်ရှိ တရားရုံးသို့ သက်သေအဖြစ် ဒေါက်တာဇော်မြင့်မောင် လာရောက်ထွက်ဆိုနိုင်ရန် တရားရုံး မှ ဆင့်ခေါ်စာ ထပ်မံထုတ်ပေးရေးအတွက် စွပ်စွဲခံသူများ၏ ရှေ့နေများက လျှောက်ထားမှု နှင့်ပတ်သက်၍ ဒီဇင်ဘာ ၆ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်း၌ အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၉ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌဖြစ်သူ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ဆင်းရာတွင် လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်က တိုင်ကြားထားသည့်ကိစ္စနှင့်ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်