
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၂) မှ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်မာမာခိုင် အား နိုဝင်ဘာ၃၀ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ဒေါ်မာမာခိုင်အား ဆန္ဒပြပွဲများတွင် ဦးဆောင် ပါဝင်ခြင်း၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများ ပါဝင်ပေးရန် လှုံ့ဆော်ခြင်းအတွက်ကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် သထုံမြို့၊ ဇင်မသွယ်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒေါ်မာမာခိုင်ကို မနေ့ (နိုဝင်ဘာ ၃၀ ရက်) က ဇင်မသွယ် အကျဉ်းထောင်မှာ ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးမှာ ပုဒ်မ - ၅၀၅ (က) အရ အလုပ်နဲ့ ထောင်ဒဏ် (၁) နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်” ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်မာမာခိုင်နှင့် ခင်ပွန်းဖြစ်သူ သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ - ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရကြောင်း၊ သို့သော်လည်း ဦးဉာဏ်ထွန်းအား ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က အမှုပိတ်သိမ်းကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဒေါ်မာမာခိုင်မှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း သထုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ရွေးကောက်တင်မြှောက် ခံခဲ့ရဖူးသူဖြစ်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်