
ဒီဇင်ဘာ ၂ ရက်က စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ခရစ်တင်ဘရင့်အား တွေ့ရစဉ် (Photo : US EMBASSY SINGAPORE)
မြန်မာနိုင်ငံက နစကကို ဖိအားပေးရန် လိုအပ်လာပါက နည်းလမ်းပေါင်းစုံကို အသုံးပြုသွားမည်ဟု ဒီဇင်ဘာ ၂ ရက်တွင် အကြီးတန်း အမေရိကန်သံတမန်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းသို့ဖိအားပေးရာတွင် ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုးမြှင့်ခြင်းလည်း ပါဝင်မည်ဟု ဆိုသည်။
“ရွေးချယ်စရာနည်းလမ်းအားလုံးကို ကျွန်တော်တို့အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲ၊ လက်မခံနိုင်စရာ အာဏာလွှဲပြောင်းယူမှုနဲ့ မြန်မာပြည်သူတွေကို လုပ်ဆောင်နေတဲ့ အကြမ်းဖက်တို့ကို သက်ရောက်ဖို့ ကျွန်တော်တို့ လုပ်နိုင်တာ မှန်သမျှကိုလုပ်ဖို့ ဒါဟာ အမေရိကန်ရဲ့ တာ ဝန်သာမက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့တာဝန်လည်း ဖြစ်တယ်လို့ထင်ပါတယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ခရစ်တင်ဘရင့်က ပြောကြားသည်။
မစ္စတာ ခရစ်တင်ဘရင့်သည် ၎င်း၏ လေးရက်ကြာ အရှေ့တောင်အာရှခရီးစဉ်အတွင်း သတင်းမီဒီယာနှင့် အွန်လိုင်းကတွေ့ဆုံစဉ် စင်ကာပူ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မလေးရှား၊ အင်ဒိုနီးရှားတို့ကို ရောက်ရှိခဲ့ပြီးနောက် ယခုအခါ စင်ကာပူကို ရောက်ရှိနေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံမှာ ၎င်း၏ အရှေ့တောင်အာရှ နောက်ဆုံးခရီးစဉ်ဖြစ်သည်။
“အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ လုပ်ဆောင်ချက်စွမ်းအားကို ခိုင်ခိုင်လုံလုံပြသဖို့ကျွန်တော် ဒီကိုလာတာဖြစ်ပါတယ်။ အာဆီယံဗဟိုပြုမှုနဲ့ အင်ဒို-ပစိဖိတ်မှာ အာဆီယံအမြင်တို့ကို ကျွန်တော်တို့ ခိုင်ခိုင်မာမာ ထောက်ခံတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း အသိပေးတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
“နစကကို ဖိအားထပ်ပေးဖို့၊ ဖိနှိပ်မှုကို သူတို့ ဆက်လက် မလုပ်ဆောင်နိုင်စေဖို့ ဝင်ငွေစီးဆင်းမှုတွေကို ဖြတ်တောက်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ နောက်ထပ်အဆင့်တွေကို ဆက်လက် လေ့လာဆန်းစစ်သွားမှာဖြစ်ပါတယ်” ဟု မစ္စတာခရစ်တင်ဘရင့်က ပြောကြားခဲ့သည်။
လာမယ့်သီတင်းပတ်တွင် သမ္မတ ဂျိုးဘိုင်ဒင် ပထမဆုံးကျင်းပမည့် ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲအတွက် ဖိတ်ကြားထားသော စာရင်းအား မစ္စတာခရစ်တင်ဘရင့်ကို မေးမြန်းရာတွင် ၎င်းက အာဆီယံအဖွဲ့ဝင်များထဲမှ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားတို့ ကိုဖိတ်ကြားထားပြီးဖြစ်သော်လည်း စင်ကာပူနှင့် ထိုုင်းတို့ကို ဖိတ်ကြားမည်မဟုတ်ဟု ဆိုသည်။
နိုင်ငံအများအပြားကို ဖိတ်ကြားမည်ဖြစ်သော်လည်း စင်ကာပူကဲ့သို့သော အရင်းနှီးဆုံး မိတ်ဖက်နိုင်ငံများအပါအဝင် နိုင်ငံအချို့ကို ဖိတ်ကြားမည်မဟုတ်ဟု ၎င်းက ဆိုသည်။
“မဖိတ်ဘူး ဆိုတဲ့အချက်ဟာ စင်ကာပူနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဖြစ်မှု ခွန်အားနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရမယ့်ကိစ္စမဟုတ်ပါဘူး” ဟု မစ္စတာ ခရစ်တင်ဘရင့်က ပြောသည်။
အာဏာရှင်နိုင်ငံများပေါ်လာခြင်းကြောင့် အဂတိလိုက်စားမှုနှင့် ဒီမိုကရေစီ ကျင့်စဉ်များကို လုပ်ဆောင်လာသော အစိုးရများကို မိမိတို့ မြင်တွေ့လာရပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် အာဏာရှင်စနစ် မြင့်တက်လာချိန်တွင်သမ္မတဂျိုးဘိုင်ဒင်၏ ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲဖြစ်ပေါ်လာ ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်