
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ မိုင်းထောင်ဖောက်ခွဲခံရခြင်းခြင်းနှင့် မီးရှို့ဖျက်ဆီးခံရခြင်းများ ကြောင့် တယ်လီဖုန်းတာဝါတိုင် ၄၀၉ ခု ပျက်စီးခဲ့ပြီး Mytel တာဝါတိုင် ၃၆၀ ပါဝင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ စျေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တယ်လီဖုန်းတာဝါတိုင်များ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့်လုပ်ရပ်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံရမှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ တယ်လီဖုန်းတာဝါတိုင် ၄၀၉ ခု ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ ဖျက်ဆီးခံရခြင်းများကြောင့် နေပြည်တော်တွင် Mytel တာဝါတိုင် တစ်ခု၊ ကချင်ပြည်နယ်တွင် MPT တာဝါတိုင် တစ်ခု၊ Mytel တာဝါတိုင် ခုနစ်ခုနှင့် Telenor တာဝါတိုင် တစ်ခု၊ ကယားပြည်နယ်တွင် Mytel တာဝါတိုင်တစ်ခု၊ ကရင်ပြည်နယ်တွင် MPT တာဝါတိုင် တစ်ခု၊ Mytel တာဝါတိုင် ကိုးခုနှင့် Telenor တာဝါတိုင် တစ်ခု၊ ချင်းပြည်နယ်တွင် Mytel တာဝါတိုင် ငါးခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် MPT တာဝါတိုင် ရှစ်ခု၊ Mytel တာဝါတိုင် ၁၅၃ ခု၊ Telenor တာဝါတိုင် ရှစ်ခုနှင့် Ooredoo တာဝါတိုင် နှစ်ခု၊ တနင်္သာရီတိုင်းဒေသကြီး တွင် Mytel တာဝါတိုင် ခုနစ်ခုတို့ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးတွင် MPT တာဝါတိုင် နှစ်ခုနှင့် Mytel တာဝါတိုင် ၁၄ ခု၊ မကွေးတိုင်းဒေသကြီးတွင် MPT တာဝါတိုင် သုံးခု၊ Mytel တာဝါတိုင် ၄၈ ခု၊ Telenor တာဝါတိုင်တစ်ခုနှင့် Ooredoo တာဝါတိုင် နှစ်ခု၊ မန္တလေးတိုင်းဒေသကြီးတွင် MPT တာဝါတိုင် နှစ်ခု၊ Mytel တာဝါတိုင် ၅၄ ခု၊ Telenor တာဝါတိုင် နှစ်ခုနှင့် Ooredoo တာဝါတိုင် ရှစ်ခု၊ မွန်ပြည်နယ်တွင် Mytel တာဝါတိုင် ၁၄ ခုနှင့် Telenor တာဝါတိုင် တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် MPT တာဝါတိုင်တစ်ခုနှင့် Mytel တာဝါတိုင် ၁၉ ခု၊ ရှမ်းပြည်နယ်တွင် MPT တာဝါတိုင် နှစ်ခုနှင့် Mytel တာဝါတိုင် ကိုးခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် MPT တာဝါတိုင် တစ်ခု၊ Mytel တာဝါတိုင် ၁၉ ခုနှင့် Telenor တာဝါတိုင် နှစ်ခုတို့သည် မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံရ ခြင်းများကြောင့် ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ တတိယပတ်ခန့်အထိ မိုင်းထောင်ဖောက်ခွဲခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံရခြင်းများကြောင့် ဆေးရုံ၊ ဆေးခန်း ၂၅ ခု ပျက်စီးခဲ့ကြောင်း၊ စက်ရုံ၊ အလုပ်ရုံ ၂၃ ရုံ၊ စူပါမားကတ် ၁၂ ခု၊ နိုင်ငံတော်ပိုင်ပစ္စည်း ၁၅၁ ခုနှင့် ပုဂ္ဂလိက ပိုင်ပစ္စည်း ၇၉ ခု၊ ဌာနဆိုင်ရာရုံး ၅၆၅ ရုံး ပျက်စီးခဲ့ဟု ထုတ်ပြန်သည်။ အောင်မင်းသိန်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်