
စက်သုံးဆီစျေး မြင့်တက်ခြင်း ကုန်စည်ရှားပါးမှုတို့ကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးယာဉ်များ အများစုရပ်နားထားရပြီး အထွေထွေကုန်တင်တန်ဆာခများ ၁၀ ရာခိုင်နှုန်းတိုးမြှင့်လျက်ရှိကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ကုန်စည်ပို့ဆောင်ရေးတွေက ရပ်လုနီးပါးဖြစ်နေတာ။ ရပ်လုနီးပါးဖြစ်တော့ တချို့ကုန်စည်တွေက စျေးတွေတက်တာမဟုတ်ဘူး။ စျေးတွေကျနေတယ်။ သွင်းတဲ့ကားတွေက ရာခိုင်နှုန်းနည်းနေတယ်။ ကားတွေ ရပ် ထားရတယ်။ လက်ရှိ စပ်ကုန်တွေဖြစ်တဲ့ လူသုံးကုန်၊ ကြာဆန်၊ ခေါက်ဆွဲ၊ ဂျုံ၊ ဘာညာတို့ က တန်ဆာခ တစ်ပိဿာ ၇၅ ကျပ်ဆိုတော့ အခု ၈၅ ကျပ်ပိုတောင်းမှ ကားတွေက သွားနိုင်မယ်။ အရင်က ရန်ကုန်-မန္တလေးကို ၇၅ ကျပ်နဲ့သွားနိုင်ပေမဲ့ အခု ၈၅ ဖြစ်မှကို သွားနိုင်တော့မယ်။ ဆန်၊ ပြောင်း၊ ပဲတို့က တန်ဆာခ တက်တာမဟုတ်ဘူး။ စပ်ကုန်တွေဖြစ်တဲ့ လူသုံးကုန်တွေပဲတက်တာ။ကားတွေအများစုက ရပ်ထားရတယ်။ ပြေးဆွဲနေသည့်ယာဉ်လိုင်း အသီးသီးကားအများစုပဲ” ဟုမြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက ပြောကြားသည်။
ကုန်မျိုးစုံတင်ဆောင်သည့် မကွေး၊ တောင်ကြီး၊ ပြည်၊ ဧရာဝတီ၊ ပုသိမ်ဂိတ်များ သည် ဆီစျေးတက်လာကာ ယခင် မကွေး-ရန် ကုန်တစ်ခေါက်လျှင် ကျပ်နှစ်သိန်းမျှရရှိပြီး လက်ရှိအချိန်တွင် ၁၇၀၀၀၀ ခန့်သာ ရရှိကာ တွက်ခြေမကိုက်သဖြင့် ခရီးစဉ်ပြေးဆွဲမှုများ ရပ်နားထားရကြောင်း သိရသည်။ ထို့ပြင် မန္တလေး၊ မူဆယ်ဘက်သို့ သွားသည့် ၁၈ ဘီး၊ ၂၂ ဘီးကားများသည် တရုတ်မှ သကြားအဝယ် ရပ်ဆိုင်းလိုက်သဖြင့် တန်ဆာခမှာ မူ ဆယ်ဘက်သို့ ကျပ် ၈၁၀၀၀ မှ ကျပ် ၆၈၀၀၀၊ မန္တလေးသို့ ကျပ် ၃၈၀၀၀ မှ ကျပ် ၃၁၀၀၀ အထိ ထိုးကျသွားကြောင်းနှင့် မြဝတီဘက်တွင် ယာဉ်လိုင်းများကောင်းသဖြင့် ဝင်ရောက် ပြေးဆွဲရာ မြဝတီတွင်လည်း ဒေါ်လာစျေးတက်ကာ ကုန်မဝင်သဖြင့် ကားများစုပုံနေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောကြားသည်။
“စီးလုံးယာဉ်တွေက တရုတ်က သကြား အဝယ်ရပ်လိုက်တယ်။ ရပ်လိုက်တဲ့အခါမှာ ပစ္စည်းထွက်ရှိမှုက နည်းလာတယ်။ကားတွေက ပုံ လာတယ်။ ကားတွေပုံလာတော့ တန်ဆာခကျတယ်။ မူဆယ်ဘက်ကို အရင်ကတန်ဆာခ ၈၁၀၀၀ ကနေ အခု ၆၈၀၀၀ ကျသွားတယ်။ ကုန်မထွက်တော့ ကားတွေ ပုံလာရင် တန်ဆာခ ကျလာတယ်” ဥက္ကဋ္ဌဦးကိုကိုနိုင်က ပြောကြားသည်။
အမေရိကန်ဒေါ်လာစျေးမှာ ကျပ် ၁၅၅၀ ဝန်းကျင် ကျဆင်းသွားသော်လည်း ဆီစျေးမှာ မြင့်တက်လျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် ဆီတစ်လီတာလျှင် ၅၅၇ ကျပ်သာရှိပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလပိုင်းက တစ်လီတာလျှင် ပျမ်းမျှ ၁၀၇၅ ကျပ်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်-တောင်ကြီး ခရီးစဉ်ကို ဆီဖိုး နှစ်သိန်းသုံးသောင်းသာရှိပြီး လက်ရှိတွင် လေးသိန်းခွဲအထိတက်သွားကြောင်း၊ ကားတစ်စီးလုံးတွင် ကုန်ကျစရိတ် ၈၄ ရာခိုင်နှုန်း အထိကုန်ကျပြီး ၁၅ ရာခိုင်နှုန်းသာ ကျန်ရှိ ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်