
မြန်မာနိုင်ငံ၏ အကြိုကန့်ကွက်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေးမဏ္ဍိုင်ဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)သည် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက် သောကြာနေ့တွင် ၎င်း၏ ပဏာမတရားစီရင်ချက်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်တွင် အဆိုပါတရားရုံးက ကြေညာခဲ့သည်။
အဆိုပါကြေညာချက်တွင် တရားရုံးက ၎င်း၏စီရင်ချက်အား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက် သောကြာနေ့ ညနေ ၃ နာရီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပါရှိသည်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ဆိုင်ရာ သဘောတူညီမှုအပေါ် လျှောက်ထားမှု (ဂမ်ဘီယာနှင့် မြန်မာ)နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အကြိုကန့်ကွက်မှုများကို ကုလသမဂ္ဂ၏အဓိက တရားစီရင်ရေးမဏ္ဍိုင်ဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက် သောကြာနေ့တွင် ၎င်း၏ပဏာမတရားစီရင်ချက်ကို ထုတ်ပြန်မည်ဖြစ်သည်။
တရားရုံး၏ အများရှေ့ ရုံးထိုင်စစ်ဆေးမှုအား သည်ဟိတ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) တွင် ညနေ ၃ နာရီ၌ ပြုလုပ်မည်ဖြစ်ပြီး ယင်းကဲ့သို့ ပြုလုပ်စဉ်အတွင်း တရားရုံး၏ ဥက္ကဋ္ဌ၊ တရားသူကြီး ဂျုန်းအီးဒေါ်နက်ဟျူး (Joan E.Donoghue) က တရားရုံး၏ ဆုံးဖြတ်ချက်ကို ဖတ်ကြားမည်ဖြစ်သည်။
သို့သော်ငြိမ်းချမ်းရေးနန်းတော်ရှိ ICJ ၏ တရားရုံးတွင် ပြုလုပ်မည့် ကြားနာစစ်ဆေးမှုများနှင့် အခြားသော တရားရုံးအစည်းအဝေးများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုအချိန်တွင် အများပြည်သူတို့အတွက် ခေတ္တပိတ်ထားဦးမည်ဖြစ်ရာ တရားရုံးခန်းမကြီး (Great Hall of Justice) အတွင်း တရားရုံးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနိုင်ငံတို့မှ ကိုယ်စားလှယ်များသာ တက်ရောက်ကြမည်ဖြစ်သည်။
သံတမန်ရေးရာအဖွဲ့ဝင်များနှင့် ပြည်သူများအနေဖြင့် ဖတ်ကြားမှုများကို တရားရုံး၏ ဝက်ဘ်ဆိုက် သို့မဟုတ် ကုလသမဂ္ဂ၏ ဝက်ဘ်ဆိုက် ရုပ်သံတို့တွင် တိုက်ရိုက် Live ထုတ်လွှင့်ပြသမှုများမှတစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။
ငြိမ်းချမ်းရေးနန်းတော်သို့ ဝင်ရောက်ခွင့်အား သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း မီဒီယာကိုယ်စားလှယ်များကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှု တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည့်အမှုကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၈ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် သွားရောက်ရင်ဆိုင်ခဲ့သည်။
လာမည့် ဇူလိုင် ၂၂ ရက်တွင် ICJ တရားရုံးက အမိန့်ချမှတ်မည့်အပေါ် မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက်ရန်ရှိပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကိုကိုလှိုင်က ဦးဆောင်တက်ရောက်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်