
၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တက်ရောက်ဂါရဝပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့၏ မိသားစုကိုယ်စား ကျင်းပရေးကော်မတီမှ လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် Jean Phang နော်တောင်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ (၇၅) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့က ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေချ ဂါရဝပြုပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခဲ့ကြသည်။
ထို့နောက်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို မေတ္တာပို့အမျှဝေခြင်းအစီအစဉ်အဖြစ် နှစ်မိနစ် ငြိမ်သက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များက လွမ်းသူ့ပန်းခွေချဂါရဝပြုခြင်း အစီအစဉ်ဆက်လက်ပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်းမိသားစုကိုယ်စား (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဆပ်ကော်မတီက လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ပြီး ထို့အတူ ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကိုဖြစ်သူ အာဇာနည်ခေါင်းဆာင်ကြီး ဦးဘဝင်း၏ မိသားစုကိုယ်စား (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဆပ်ကော်မတီမှ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့သည်။
အခြားအာဇာနည်ကြီးများဖြစ်သည့် သခင်မြ၏ မိသားစုဝင်တွေဖြစ်သော သားဖြစ်သူ ဦးရဲမြင့်အောင်၊ မြစ်ဖြစ်သူ ဦးထက်ဘုန်းနိုင်တို့က လွမ်းသူ့ပန်းခွေချခဲ့ကြောင်း၊ ဒီးဒုတ်ဦးဘချို၏ မိသားစုဝင်ဖြစ်သော မြေးဖြစ်သူ ဦးသန့်ဇင်ချိုက လွမ်းသူ့ပန်းခွေချခဲ့ကြောင်း၊ မန်းဘခိုင်မိသားစုဝင်ဖြစ်သော မြေးတော်စပ်သူ မန်းမျိုးခိုင်နှင့် နန့်စိုးစိုးခိုင်၊ သမီးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်နှင့် မြေးတော်စပ်သူ ဦးညီညီခိုင်ဆွေတို့က လွမ်းသူ့ပန်းခွေချဂါရဝပြုခဲ့ကြောင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း မိသားစုဝင်များ ဖြစ်ကြသည့် သားဖြစ်သူ စဝ်ကိုင်ဖ၊ ချွေးမတော်စပ်သူ ဒေါ်သောင်းသောင်း၊ မြေးဖြစ်သူ စဝ်ခွန်မြတ်နှင့် မြေးချွေးမဖြစ်သူ ဒေါ်မြင့်မြင့်သန်း၊ မြစ်ဖြစ်သူ စဝ်သိန်းကြာဖြူတို့ကလည်း လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြောင်း သိရသည်။
ထို့အတူ ဦးရာဇတ်၏မိသားစုဝင်များဖြစ်သော သားဖြစ်သူ ဦးလှကြည်နှင့် မြေးဖြစ်သူ ဦးဝင်းဖြိုးရာဇတ်တို့က လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြောင်း၊ ဦးအုန်းမောင်၏မိသားစုဝင်များဖြစ်သော သားဖြစ်သူ ဦးကိုကိုလှ၊ ဒေါက်တာမင်းမြင့်၊ ဦးကျော်ထက်အောင်နှင့် ဦးကျော်သက်အောင်တို့ကလည်း လွှမ်းသူ့ပန်းခွေချဂါရဝပြုခဲ့သည်။
ထို့ပြင် အာဇာနည်ခေါင်းဆောင်ကြီး ရဲဘော်ကိုထွေး၏ မိသားစုဝင်များဖြစ်သော တူဖြစ်သူ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးအောင်ကိုကို၊ ဦးကျော်မင်းတို့နှင့်အတူ မြေးဖြစ်သူ ဒေါ်လှိုင်ဌေးမော်တို့ကလည်း လွှမ်းသူ့ပန်းခွေချဂါရဝပြုခဲ့ကြောင်း သတင်းရရှိသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက လွမ်းသူ့ပန်းခွေချပြီးနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်