
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်များကို ဖွဲ့ည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရအရေးပေါ် အခြေအနေ ကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ ခြင်း မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၂)ကို ဇူလိုင် ၂၁ ရက်က ကျင်းပရာ နစကဥက္ကဋ္ဌက တက်ရောက်အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရအရေးပေါ် အခြေအနေ ကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ ခြင်း မဟုတ်ကြောင်း၊ မိမိတို့ အားပေးအပ်ထားသည့် အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ဆဲဥပဒေ များအပေါ် တွင်မူတည်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စတင်တာဝန်ယူချိန်တွင် ဆူပူမှုများမရှိသေးသော်လည်း ဖေဖေါ်ဝါရီ ၃ ရက်နောက် ပိုင်းတွင်ဆူပူမှုများစတင် ဖြစ်ပေါ် ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် မှုများကိုလုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် စည်းရုံးရေးဆိုင်ရာလမ်းကြောင်းများဖြင့် ထိန်းသိမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ နည်းပါးသွားသည်ကို တွေ့ရှိရကြောင်း၊ အကြမ်း ဖက်မှုများကို အရေးယူဆောင်ရွက်ခဲ့ရာတွင် ဥပဒေနှင့်အညီသာ ထိန်းသိမ်း ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ပြည်ထဲရေးဝန်ကြီး ဌာနမှဆောင်ရွက်ရပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လက်နက်ကိုင် သောင်းကျန်းမှုများ ကို တပ်မတော်မှတာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဆူပှုအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အချို့သောနေရာဒေသများမှလွဲ၍ တတ်နိုင်သမျှရဲတပ်ဖွဲ့ဝင်များဖြင့် သာဖြေရှင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် စစ်အုပ်ချုပ်ရေးသတ်မှတ်မှု များကို တတ်နိုင်သမျှ အနည်း ဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် နိုင်ငံရေးအရ နောက်ဆက်တွဲပေါ်ပေါက်လာသည့် NUG နှင့် CRPH တို့ကတည်ထောင်ခဲ့သည့် PDF များသည် အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများကို လုပ်ဆောင်လျက်ရှိပြီး သံဃာတော် များနှင့် သီလရှင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်မိသားစုဝင်များ၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်မှုများ လုပ်ဆောင် လျက်ရှိသည်ဟု နစကဥက္ကဋ္ဌက ထည့်သွင်းပြေအာကြားသည်။
ထို့အတူ မိမိတို့နိုင်ငံ၏ လူဦးရေ ၈၇ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓ ဘာသာ ကိုးကွယ်ကြသူများ ဖြစ်ကြောင်း၊ PDF များ၏ သတ်ဖြတ်မှုကြောင့်ဇူလိုင် ၂၀ ရက်အထိ သံဃာတော် ၅၂ ပါးနှင့် သီလရှင်တစ်ပါးတို့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူကိုးပါးနှင့် ပျောက်ဆုံးသူရှစ်ဦး စုစုပေါင်း ၇၀ ရှိပြီဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သံဃာတော်များနှင့် သီလရှင်များကို အကြမ်းဖက်မှုသတ်ဖြတ်မှု အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ စစ်ကိုင်းတောင်တွင် သံဃာတော်များနှင့် သီလရှင်များ အများဆုံး ဝါဆိုနေကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် ဗုဒ္ဓဘာသာ ရှေးအကျဆုံးနှင ့်အများဆုံး ကိုးကွယ်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သော်လည်း ဗုဒ္ဓဘာသာရဟန်းသံဃာတော်များနှင့် သီလရှင်များ အကြမ်းဖက် သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်ကို အံဩဖွယ်တွေ့မြင်ရကြောင်း၊ မကွေးတိုင်းတွင် လည်း အလားတူပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အလားတူ ပညာရေးဝန်ထမ်းများသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သေဆုံးသူ ၄၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၁ ဦး၊ ပျောက်ဆုံးသူ ၂၅ ဦး စုစုပေါင်း ၉၃ ဦးရှိကြောင်း၊ ထိုသို့ပညာရေးဝန်ထမ်း များသတ်ဖြတ်ခံရမှုတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးသည် အများဆုံးဖြစ်သည်ကိုတွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်