
ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံ၏ ကန့်ကွက်ချက်များကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဇူလိုင် ၂၂ ရက်တွင် ပယ်ချခဲ့သည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဇူလိုင် ၂၂ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် တရားရုံးအမိန့် ဖတ်ကြားပွဲ ပြုလုပ်ရာတွင် တရားသူကြီး Joan Donoghue က မြန်မာ နိုင်ငံ၏ ကန့်ကွက်ချက်များကို ပယ်ချကြောင်း ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။
ICJ တွင် ဂမ်ဘီယာနိုင်ငံက တင်ပြထားသော လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နှင့်ပတ်သက်၍ လက်ခံကြား နာခြင်းမပြုရန် မြန်မာနိုင်ငံက ကန့်ကွက်ထားသည်။
မြန်မာနိုင်ငံဘက်က ကန့်ကွက်ထားသော အချက် လေးချက်အနက် အချက်သုံးချက်ကို ICJ တရားသူကြီး အားလုံးက ပယ်ချခဲ့ပြီး ကျန်တစ်ချက်ကို တရားသူကြီး ၁၅ ဦးက ပယ်ချခဲ့ပြီး ကျန်တစ်ဦးက ထောက်ခံခဲ့သည်။
ယခု အမိန့်ဖတ်ကြားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရားရုံး တွင် လာရောက်နားထောင်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်များကို ICJ က ပယ်ချခဲ့ပြီးနောက် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့် မြန်မာနိုင်ငံ တွင် ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်မှုများ ရှိခဲ့သည်ဟူသော စွပ်စွဲချက်များကို ဆက်လက် ကြားနာမည်ဖြစ်သည်။
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်သည့် ကားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှု တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည့်အမှုကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၈ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် သွားရောက်ရင်ဆိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်