
အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားရာတွင် သက်သေဖြစ်သည့် မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ အသံဖိုင်၊ ဗီဒီယိုဖိုင်ဖော်ပြနိုင်ရမည်ဖြစ်ပြီး ပုဂ္ဂိုလ်တစ်ယောက်ကိုနစ်နာစေရန်တမင်တိုင်ကြားပါက အရေးယူခံနိုင်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတိပြုရမည့် အချက်များအဖြစ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါသတိပြုရမည့်အချက်များတွင် မည်သူမဆိုအဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဥပဒေအရ ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေး အဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုခုသို့ ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအ ဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကိုပေးပို့နိုင်ကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် တိုင်ကြားစာပေးပို့ရာတွင် ကော်မရှင်ထံ မိတ္တူပေးပို့ခြင်းမပြုဘဲ တိုက်ရိုက်လိပ်မူပေးပို့ရမည်ဖြစ်ကြောင်း၊ တိုင်ကြားသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်ပါဝင်ရမည်ဖြစ်ကြောင်း ကော်မရှင်၏ သတိပေးချက်တွင်ပါရှိသည်။
ထို့အတူအရေးကြီးသော သက်သေခံချက်ဖြစ်သည့် မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ အသံဖိုင်၊ ဗီယိုဖိုင်စသည်တို့ရှိကြောင်း ဖော်ပြနိုင်ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် တမင်ပြုလုပ်တိုင်ကြားပါက ဤဥပဒေပုဒ်မ ၅၉ အရ အရေးယူခံရနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏သတိပြုရမည့်အချက်များ ထုတ်ပြန်မှုတွင်ပါရှိသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ ၌ မည်သူမဆို ခိုင်လုံသောအကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန်ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကိုကျူးလွန်သည်ဟုသော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာသည်ဟုသော်လည်းကောင်း၊ မမှန်မကန်သတင်းပို့ခြင်း၊ တိုင်တန်းခြင်း သို့မဟုတ် မမှန်မကန်သက်သေခံခြင်း၊ မမှန်မကန် သက်သေခံဖန်တီးခြင်းပြုကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးအား ထိုသို့တစ်ခုခုပြုလုပ်စေရန် ခိုင်းစေခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်