၁၉၉၁ ခုနှစ်က ဖြန့်ချိခဲ့သည့် Thelma & Louise ဇာတ်ကားဖြင့် အောင်မြင်မှုရရှိခဲ့ သည့် ဟောလိဝုဒ်သရုပ်ဆောင် ဘရက်ပစ်က အခြားစီးပွားရေးလုပ်ငန်းများကြောင့် နောင်တွင် ဇာတ်ကားရိုက်ကူးမှုများ ကျဲသွားနိုင်ခြေ ရှိသည်ဟု New York Time သို့ ပြောကြားခဲ့သည်။
“ကျွန်တာ့်မှာ တခြားလုပ်စရာကိစ္စတွေ ရှိနေလို့ နောင်မှာ ဇာတ်ကားရိုက်ကူးမှုတွေ ပိုပြီးကျဲသွားလိမ့်မယ်” အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သော ဘရက်ပစ်က ပြောကြားခဲ့သည်။
ဘရက်ပစ်က ရုပ်ရှင်ထုတ်လုပ်ရေးနှင့် အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေသည်ဟုလည်း ပြောကြားခဲ့သည်။ ပစ်သည် ၎င်းအဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် Ad Astra ဇာတ်ကား ဖြန့်ချိရန် ရက်အနည်းငယ်အလိုတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်အလုပ်ကို အနားယူရန် စဉ်းစားနေခြင်း ဟုတ်၊ မဟုတ် မေးမြန်းခဲ့သည် များကို ပစ်က “ကျွန်တော်မသိဘူး။ ကျွန်တော် မသိသေးပါဘူး။ တခြားအလုပ်တွေလုပ်ရတာ ကိုလည်း ကျွန်တော်ပျော်ပါတယ်”ဟု ပစ်က ပြောကြားခဲ့သည်။
အသက်ကြီးသဖြင့် ရုပ်ရှင်လုပ်ငန်းတွင် စီးပွားရေးလုပ်ကိုင်မှုကို ပြောင်းလဲလာမှုနှင့် ပတ်သက်ပြီး ပစ်က ယခုနှစ်နွေရာသီတွင် GQ Australia မဂ္ဂဇင်းသို့လည်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးသည်။ ဘရက်ပစ်သည် ၎င်း၏ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက Plan B Entertainment က ထုတ်လုပ်သည့် 12 Years a Slave ဇာတ်ကားအတွက် ၂၀၁၄ ခုနှစ် အော်စကာဆုပေးပွဲတွင် အော်စကာဆု ရရှိခဲ့သည်။
“ကျွန်တော် ထုတ်လုပ်ရေးလုပ်ငန်းလုပ် ပြီး ကင်မရာနောက်ကွယ်ကနေတော့ ပါနေ ဦးမှာပါ။ ဇာတ်ကားရိုက်တာကတော့ ပိုပိုပြီး နည်းလာမှာပါ”ဟု ပစ်က ဆိုသည်။
ပစ်၏ကုမ္ပဏီ Plan B သည် The Departed ၊ 12 Years a Slave ၊ The tree of Life ၊ Moneyball၊ The Big Short နှင့် Moonlight ဇာတ်ကားတို့ကို ထုတ်လုပ်ခဲ့ပြီး The Departed ၊ 12 Years a Slave နှင့် Moonlight ဇာတ်ကားတို့သည် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆုများ ဆွတ်ခူးခဲ့သည်။
ပစ်သည် Fight club ၊ Ocean’s Eleven၊ Troy ၊ Mr & Mrs Smith နှင့် world War Z ဇာတ်ကားများတွင် လည်း ပါဝင်သရုပ်ဆောင်ထားသည်။ ၎င်း၏ ဇာတ်ကားသစ်ဖြစ်သော Once Upon a Time in Hollywood ဇာတ်ကားကို သြဂုတ်လ ၁၄ ရက်က ဖြန့်ချိခဲ့သည်။
-
ပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်မည့် မုန်တိုင်းငယ် အိန္ဒိယနှင့် သီရိလင်္ကာသို့ ရောက်ရှိမည်ဟု မိုးဇလ ခန့်မှန်း
-
မကြာမီအချိန်အတွင်း ထောင်နှင့်ချီသည့် မြောက်ကိုရီးယားစစ်သားများ ယူကရိန်းစစ်ပွဲအတွင်း ဝင်ရောက်လာလိမ့်မည်ဟု အမေရိကန်ပြောကြား
-
တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ဒေသခံများက တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး NLD ပါတီက တိုင်ကြားထားသူများကို ခေါ်ယူမေးမြန်း
-
ဂန့်ဂေါမြို့တွင် မူးယစ်ဆေးဝါးအမှုဖြင့် တရားစွဲခံရသော ကျန်းမာရေးဆရာမအား မူးယစ်ဆေးဝါး ပုဒ်မဖြင့် စွဲချက်တင်
-
တရားရုံးများတွင် အမှုပွဲစားများ ကျက်စားလေ့ ရှိခြင်းကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှု မရှိစေအောင် ဖော်ထုတ် အရေးယူရန် လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးပြောကြား