
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် အသေးစားအိမ်ခြံမြေစျေးကွက် ပိုမိုတွင်ကျယ်လာကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်းရှင်များထံမှ ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ဒေါ်လာစျေးတက်လာပြီးနောက်ပိုင်း အိမ်ခြံမြေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများလာခြင်းကြောင့် တစ်ကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ချက်ချင်းလာရောက် နေထိုင်ချင်သူ များလာခြင်းတို့ကြောင့် တစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း အိမ်ခြံမြေအသေးစားစျေးကွက် ပိုမိုတွင်ကျယ်လာခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ် အနီးဝန်းကျင်တွင် ကျပ်သိန်း ၃၀ မှ သိန်း ၂၀၀ ဝန်းကျင်အထိ မြို့ရှောင်လမ်းနံဘေးရှိ မြို့မြေ၊ ရွာမြေများသည် အရောင်းအဝယ်ဖြစ်ထွန်းနေပြီး ဝယ်ယူပြီး လာရောက်နေထိုင်သူများလာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) (ရှမ်းပြည်နယ်တောင်ပိုင်း) မှ သိရသည်။
“ အခုက အရောင်းအဝယ်ကောင်းလာတယ်။ တောင်ကြီးမှာ နယ်မြေအေးချမ်းလို့လား မသိဘူး။ တခြားမြို့တွေကနေ လာပြီး ဝယ်နေကြသူတွေ အရင်ကထက် ပိုများလာတယ်” ဟု MRPDA အသင်းမှ မဆုမြတ်က ပြောကြားသည်။
“ မြို့မြေတွေ အရောင်းအဝယ် ဖြစ်တယ်။ လူနေလို့ရတဲ့ အရစ်ကျလေးတွေဆိုရင် အရောင်းအဝယ်လေးတွေ ဖြစ်တယ်။ အိမ်ခြံမြေမှာ ပါစန့်နဲ့ ထည့်ပေါင်းတာများတယ်။ လက်ငင်းတစ်စျေးသတ်မှတ်ပြီးတော့ အရစ်ကျနဲ့ဆိုရင် ရာခိုင်နှုန်းထည့်ပေါင်းလာတယ်။ အရင်ထက်စာရင် အိမ်ခြံမြေစျေးတွေလှုပ်ခတ်လာပြီး အရောင်းအဝယ်လေးတွေ ပြန်ဖြစ်လာတယ်။ အဓိကတော့ မြေက ပိုခိုင်မယ်ဆိုပြီး မြေဘက်ပြန်လှည့်ကြတာပေ့ါ။ ဒေါ်လာစျေးတက်ပြီးနောက်ပိုင်း ငွေကြေးရှားလာပြီးနောက်ပိုင်းမှာပေ့ါ။ တချို့လည်း ဘဏ်အကောင့် လက်မခံဘူး။ ငွေသားပဲ လက်ခံတယ်။ တောင်ကြီးခရိုင်မှာဆိုရင် မြို့ပတ်ဝန်းကျင် မြို့မြေလေးတွေ အရောင်းအဝယ်ဖြစ်တယ်။ ပြီးတော့ ရွာမြေလေးတွေ ချက်ချင်းနေလို့ရတဲ့နေရာလေးတွေ အရောင်းအဝယ်ဖြစ်တယ်။ ရွာနဲ့ ဝေးတဲ့နေရာတွေဆိုရင် အရောင်းအဝယ် မဖြစ်ဘူး” ဟု အိမ်ခြံမြေဝန်ဆောင်မှုပေးသူ ကိုချမ်းမြေ့က ပြောကြားသည်။
ထို့ပြင် တောင်ကြီးမြို့တွင်းရှိ အိမ်ခြံမြေ အငှားဝန်ဆောင်မှုလုပ်ငန်းသည်လည်း ပိုမိုတွင်ကျယ်လာကြောင်း သိရသည်။ တောင်ကြီးမြို့နယ်တွင်းရှိ မြို့ရှောင်လမ်းဖောက်လုပ်နေသော ရွှေညောင်မှ အေးသာယာ၊ စက်မှုဇုန်၊ ဆင်တောင်၊ တောင်ကြီးမြို့ပေါ် ကံကြီးရပ်ကွက်၊ ညိုမီး၊ လွယ်ကောင်း၊ ဖာမွန်း၊ နောင်ကား၊ ကျောက်တစ်လုံးကြီးဒေသဘက်တို့တွင် အိမ်ခြံမြေစျေးကွက် ပိုမိုတွင်ကျယ်လာခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင်ရှိသော သိန်းထောင်ကြီးပိုင်း အိမ်ခြံမြေအရောင်းအဝယ်သည် အရောင်းအဝယ် မဖြစ်သလောက် စျေးကွက်ပိုမိုအေးစက်လာနေကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု ပေးနေသူများက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၌ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရွာငံမြို့နယ်၊ ကလောမြို့နယ်တို့တွင် စျေးကွက်ဝယ်လိုအား မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်