
မော်တော်ယာဉ်အရောင်းပြခန်းနှင့် လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာများအတွက် လုပ်ငန်းသုံး မော်တော်ယာဉ် တင်သွင်းခွင့်များ စတင်ဆောင်ရွက်ခွင့်ပြုမည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
မော်တော်ယာဉ်အရောင်းပြခန်းနှင့် လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာများမှ ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းသုံးမော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားခြင်းအား ဇန်နဝါရီ ၃ ရက်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ယင်းသို့တင်သွင်းခွင့်ပြုခြင်းကြောင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ၏ စျေးနှုန်းများကျဆင်းလာနိုင်မည်ဟု ခန့်မှန်းရကြောင်း ရန်ကုန်မြို့အခြေစိုက်မော်တော်ယာဉ်ရောင်းဝယ်သူများက သုံးသပ်သည်။
“ ဒါက Show Room သမားတွေအတွက် အဆင်ပြေတဲ့သဘောပေါ့။ အခုချိန်က Show Room အသစ်ဖွင့်ခွင့် မရသေးဘူးလေ။ အရင်လူဟောင်းတွေအတွက် ခွင့်ပေးလိုက်တဲ့သဘောပေါ့။ လုပ်ငန်းသုံးယာဉ်စျေးကတော့ ကျလာနိုင်တယ်” ဟု ရန်ကုန်မြို့အခြေစိုက် မော်တော်ယာဉ်ရောင်းဝယ်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
ယင်းသို့ တင်သွင်းရာတွင် ကုန်သွယ်ရေးဦးစီးဌာန၏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘယ်မောင်း လုပ်ငန်းသုံးမော်တော်ယာဉ်များသာ တင်သွင်းခွင့်ရနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် မော်တော်ယာဉ်အဟောင်း စျေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး စျေးနှုန်းများမှာလည်း ငြိမ်သက်လျက်ရှိကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်