Top News

လဝက ပြည်ထောင်စုဝန်ကြီးနှင့် UNHCR ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဗျူရို ညွှန်ကြားရေးမှူးတွေ့ဆုံ၍ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးကိစ္စရပ်များ ဆွေးနွေး
24htopnews | October 24, 2024 7:12 PM CST

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဗျူရို ညွှန်ကြားရေးမှူး Mr.Indrika Ratwattew တို့ စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံမှုတွင် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ(MoU) အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နားလည်မှုစာချွန်လွှာအရ ဘူးသီးတောင်၊ မောင်တောဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးနိုင်ရေးအတွက်ဌာနအနေဖြင့် ကန့်ကွက်ရန်မရှိသော်လည်း လုံခြုံရေးအခြေအနေအရ အကန့်အသတ်ရှိမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံနိုင်ရေးအတွက် နေရပ်စွန့်ခွာသွားသူများ၏အချက်အလက်များ ပေးပို့လာမှုအပေါ် မိမိဝန်ကြီးဌာနမှ စိစစ်တွေ့ရှိမှုနှင့် အကြောင်းပြန်ကြားပြီးစီးမှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ နည်းပညာလုပ်ငန်းအဖွဲ့များ၏ Online စနစ်ဖြင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေမှုနှင့် Pilot Project ဆောင်ရွက်မည့်အစီအစဉ်၊ နှစ်နိုင်ငံဆောင်ရွက်ချက်များအပေါ် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများမှ ပျက်စီးစေရန်ရည်ရွယ်၍ နှောင့်ယှက်ဆောင်ရွက်နေမှု၊ မိမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက်  အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့် ရေရှည်ဘဝရပ်တည်ရှင်သန်နိုင်ရေးတို့အတွက် UNHCR အနေဖြင့် အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေမှု များအပေါ် နိုင်ငံတကာအဖွဲ့အစည်းများမှ သိရှိနားလည်နိုင်ရေးအတွက် UNHCR အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရေးနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

 

 


READ NEXT
Cancel OK