
ရုရှားနိုင်ငံမှတင်သွင်းလာသည့် စက်သုံးဆီများ မကြာမီရက်ပိုင်းအတွင်းရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံမှ ရောက်ရှိလာမည့် စက်သုံးဆီများနှင့်ပတ်သက်၍ မည်သည့်အချိန်တွင် ရောက်မည်နည်းဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တ ို့အနေနဲ့ ရုရှားကရောက်ရှိလာမယ့် စက်သုံးဆီများ၊ ခုနကပြောတဲ့ ဖြန့်ဖြူးမှုအပိုင်းကိုပြောပါမယ်။ ဖြန့်ဖြူးမှုအပိုင်းက ဦးစားပေးကတော့ Public Transportation ကို ဖြန့်မှာဖြစ်ပါတယ်။ အများအားဖြင့် ဖြန့်သွားမှာဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့ ဒီစက်သုံးဆီများနဲ့ပတ်သက်ပြီး သူတို့လမ်းခရီးမှာ ကြန့်ကြာမှုရှိပါတယ်။ ရုရှားနိုင်ငံကနေ ထွက်လာပြီးတော့ လမ်းခရီးမှာရောက်ရှိနေပြီဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရုရှားနိုင်ငံမှ စက်သုံးဆီ လိုသမျှရနိုင်မည်ဖြစ်ပြီး ပြည်တွင်း၌လည်း နှစ်နိုင်ငံပူးပေါင်း၍ ရေနံတူးဖော်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၁၇ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရောက်ရှိလာမယ့် ရက်နဲ့ပတ်သက်လို့ကတော့ ရောက်ရှိလာမယ့်အချိန်နဲ့ပတ်သက်လို့ကတော့ မကြာမီရက်ပိုင်းအတွင်းပဲ ရောက်ရှိလာနိုင်မယ်လို့ပဲ ကျွန်တော်တို့ဖြေနိုင်ပါတယ်။ အတိအကျကတော့ဘယ်ရက်မှာ အတိအကျရောက်မယ်လို့တော့ ဖြေနိုင်ခြင်းမရှိသေးပါဘူး” ဟု ပြောကြားသည်။
ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချရေးကိစ္စသည် ရုရှားနိုင်ငံသို့ နစကဥက္ကဋ္ဌသွားရောက်ခဲ့သည့် ခရီးစဉ်တစ်ခုတွင် အပြီးသတ်ဆွေးနွေးခြင်း၊ အပြီးသတ်သဘောတူညီချက်ရယူခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သြဂုတ် ၁၇ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်