
၂၀၂၁ ခုနှစ် ဇူလိုင်မှ နိုဝင်ဘာလလယ်ပိုင်းအထိ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀(စ)အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ပြည်တွင်းကုမ္ပဏီ ၁၅၀၀ အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
၂၀၂၁ ခုနှစ် ဇူလိုင်အတွင်း ကုမ္ပဏီ ၃၀၀၊ သြဂုတ်အတွင်း ကုမ္ပဏီ ၂၀၀၊ စက်တင်ဘာအတွင်း ကုမ္ပဏီ ၄ဝဝနှင့် အောက်တိုဘာအတွင်း ကုမ္ပဏီ ၄၀၀၊ နိုဝင်ဘာ ၈ ရက်က ကုမ္ပဏီ ၁၀၀၊ နိုဝင်ဘာ ၁၂ ရက်က ကုမ္ပဏီ ၁၀၀ ဖြင့် စုစုပေါင်းကုမ္ပဏီ ၁၅၀၀ အထိရှိနေသည်။
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီများအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ် မ ၄၃၀(စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck.Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ပယ်ဖျက်လိုက်ကြောင်းနှင့် ယင်းအမိန့်ကြော်ငြာစာများ ထုတ်ပြန်သည့်ရက်မှစ၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
MyCO တွင် မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီရင်ခံစာ(Annual Return-AR) တင်ပြခြင်းကို ဆောင်ရွက်ရမည်ဟုုသိရသည်။
Annual Return နောက်ဆုံးတင်ပြရမည့်ရက်ကို ကုမ္ပဏီ Profile တွင် ဖော်ပြထားသဖြင့် အဆိုပါရက်မတိုင်ခင် မှတ်ပုံကြေး ကျပ် ၅၀၀၀၀ ပေးသွင်းတင်ပြရန်ဖြစ်ကြောင်း၊ Annual Return တင်ပြရမည့်ရက် ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်လျှင် နောက်ကျကြေး (Late Fee) ကျပ်၁၀၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
Annual Return တင်ပြရမည့်ရက်ထက် ၂၈ ရက်ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးရန် ပုံစံ 1-9D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း ထပ်မံ ပေးသွင်းရမည်ဖြစ်သည်။
Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။ ပယ်ဖျက်ဖြစ်ပြီး ကုမ္ပဏီအမည်အား ပြန်လည်အသက်သွင်းလိုပါက ကုမ္ပဏီမှ တရားရုံးကင်းလွတ်ခွင့် အမိန့်ဖြင့် MyCO တွင် 1-5 ဖြင့် ပြန်လည်တင်ပြရမည်ဟု သိရသည်။
Struck Off ဖော်ပြခြင်းခံရသော ကုမ္ပဏီဖြစ်ပါက တရားရုံးကင်းလွတ်ခွင့်ရရှိရန် လျှောက်ထားရသည့် ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရန် ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ ပုံရိပ်ကျန်ရှိနေမည်ဖြစ်သောကြောင့် နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြခြင်းကို အထူးဂရု ပြုဆောင်ရွက်ကြရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ (က)အရ ကုမ္ပဏီများအားလုံးသည် ယင်းအား ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် ၎င်းနောက်ပိုင်းကာလအတွက် နှစ်စဉ်အနည်းဆုံးတစ်ကြိမ် သို့ရာတွင် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်သည့် နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျစေဘဲ ကုမ္ပဏီ၏ အသေးစိတ်ဖော်ပြချက်များ ပါရှိသော နှစ်စဉ်အစီရင်ခံစာတစ်ခုကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဟု ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်