
ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား ဘဏ်များ၏ စာရင်းရှင်အပ်ငွေ (CAB) အပြင် ဘဏ်များ လက်ဝယ်ရှိငွေသား (Cash at Bank) ကို ထည့်သွင်းတွက်ချက်ရန် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်စွဲဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချကအမှတ် (၁၉/၂၀၂၁) ကို ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ကို ဘဏ်များမှအပ ဆက်သွယ်သူများ၏ အပ်နှံငွေစုစုပေါင်း၏ ငါးရာခိုင်နှုန်းထားရှိရန် ရည်ညွှန်းချက် (၁) ပါ ညွှန်ကြားချက် (၁၀/၂၀၂၁၅) ဖြင့် ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။ဘဏ်များသည် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အား ဘဏ်များ၏ စာရင်းရှင်အပ်ငွေ (CAB) တစ်မျိုးတည်းဖြင့်သာ ထားရှိရန် ဖြစ်သည်။
COVID-19 ကာလအတွင်း ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား ငါးရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၃ ဒသမ ၅ ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးပြင်ဆင် လျှော့ချသတ်မှတ်ခြင်းကို ရည်ညွှန်းချက် (၂) ပါ ညွှန်ကြားချက် (၆/၂၀၂၀) ဖြင့် ရည်ညွှန်းချက် (၃) ပါ ညွှန်ကြားချက် (၆/၂၀၂၁) တို့ဖြင့် ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၏ ငွေကြေးစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန် ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုးအား ဘဏ်များ၏ စာရင်းရှင်အပ်ငွေ (CAB) အပြင် ဘဏ်များ လက်ဝက်ရှိငွေသား (Cash at Bank) ကို ထည့်သွင်းတွက်ချက်ရန် အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်။
၎င်းတို့မှာ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးသုံးရာခိုင်နှုန်း၏ ၇၅ ရာခိုင်နှုန်း (၂ ဒသမ ၂၅ ရာခိုင်နှုန်း) အား ဘဏ်များ၏ စာရင်းရှင်အပ်ငွေ (CAB) ဖြင့် ထားရှိရန်နှင့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးသုံးရာခိုင်နှုန်း၏ ၂၅ ရာခိုင်နှုန်း (၀ ဒသမ ၇၅ ရာခိုင်နှုန်း) အား ဘဏ်များ လက်ဝယ်ရှိ ငွေသား (Cash at Bank) ဖြင့် ထားရှိရန်ဖြစ်သည်။
ဘဏ်သည် ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်တွင် ပျမ်းမျှစာရင်းရှင်အပ်ငွေ (Average CAB) အရလည်းကောင်း၊ ပျမ်းမျှ လက်ဝယ်ရှိငွေသား (Average Cash) အရ လည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်းကို ပြည့်မီမှုမရှိပါက အဆိုပါဘဏ်အား အနည်းဆုံးသီးသန့် ငွေလိုအပ်ချက်လိုက်နာမှုမရှိသော ဘဏ်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒဏ်ကြေးဆိုင်ရာ ညွှန်ကြားချက် (၁၂/၂၀၁၆) ပါအတိုင်း ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်ကြောင်း သိရသည်။
ယခုအနည်းဆုံး သီးသန့်ငွေလိုအပ်ချက် တွက်ချက်မှုပုံစံသစ်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ အထိ ထိန်းသိမ်းမှုကာလမှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး ခြောက်လ ယာယီအသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲဆောင်ရွက်မှု၊ ဝင်ငွေနှင့်အသုံးစရိတ်၊ အစိုးရငွေချေး သက်သေခံလက်မှတ်များ ပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေးအခြေအနေတို့ဖြစ်သည်။ အပတ်စဉ်ပေးပို့ရမည့်အစီရင်ခံစာမှာ ငွေကြေးလွယ်ကူမှုအချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့်အစီရင် ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ်အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေရင်းလုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့်အမျိုးအစား ခွဲခြားခြင်းနှင့်လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက်ထုတ်ချေးထားသော ငွေစာရင်းနှင့် အာမခံအမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏နှစ်ချုပ် အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်