
COVID-19 ဖြင့် ပုဇွန်တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကွယ်လွန်ခဲ့ပြီး ရန်ကုန်တိုင်းဒေသ ကြီး၌ သေဆုံးသူ ကော်မရှင်အဖွဲ့ဝင်နှင့် မဲရုံ အဖွဲ့ဝင်ခုနစ်ဦးအထိ ရှိလာကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌသည် အသက်အရွယ်ကြီးရင့်သူ တစ်ဦးလည်းဖြစ်ကာ ပြီးခဲ့ သည့် ဒီဇင်ဘာ ၁၂ ရက် နံနက် ၂ နာရီခန့် တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် အရှေ့ ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲမှ သိရသည်။
“ရွေးကောက်ပွဲမတိုင်ခင်ကတည်းက သူက ကျန်းမာရေးမကောင်းလို့ အသက်ကလည်း ၇၀ ကျော်ပြီဗျ။ ကျန်းမာရေးမကောင်း တော့ ဆေးခန်းသွားပြတာ။ ဆေးခန်းကနေ ပြီးတော့ လှိုင် Quarantine စင်တာမှာ Quarantine ဝင်ရာကနေ နောက်ပိုင်းကျ တော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲလိုက်တာ။ အဲဒီကနေ ၁၂ ရက်နေ့ စနေနေ့ မနက် ၂ နာရီလောက်က ဆုံးသွားတယ်လို့ သတင်း ပို့လို့ သိရတယ်” ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းကိုအောင်က ပြောကြားသည်။
နိုင်ငံအတွက် အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်၍ COVID-19 စိန်ခေါ်မှု ကြားမှ ရောဂါကာကွယ်ရေး နည်းလမ်းများ ကို တတ်နိုင်သမျှ ဆောင်ရွက်ခဲ့သော်လည်း ရောဂါကူးစက်မှုများရှိခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မိုးကြည်က The Daily Eleven သတင်းစာကို ဒီဇင်ဘာ ၁၀ ရက်က ပြောကြားထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ပြီး COVID-19 ကူးစက်ခံရသည့် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်နှင့် မဲရုံအဖွဲ့ဝင် ၉၀ ကျော်ရှိပြီး သေဆုံးသူ ခြောက်ဦးအထိရှိ ကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲက ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထုတ် ပြန်ချက်အရ တိုုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၄၄ ဦး၊ မဲရုံမှူးနှင့် မဲရုံအ ဖွဲ့ဝင် ၅၁ ဦး စုစုပေါင်း ၉၅ ဦး COVID-19 ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
COVID-19 ကပ်ရောဂါကြားတွင် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ခဲ့မှုအ ပေါ် ဂုဏ်ပြုမှတ်တမ်း တင်သည့်အနေဖြင့် ရောဂါကူးစက်ခံရသူ တစ်ဦးလျှင် ငွေကျပ် ငါးသောင်းစီဖြင့် ကူးစက်ခံရသူ ၈၉ ဦးကို ပံ့ ပိုးကူညီကာ ကွယ်လွန်သူခြောက်ဦးအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ပံ့ပိုးကူညီခဲ့ကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားသည်။
ယင်းသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ဝင်များ၏ စုပေါင်းထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီးပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှလည်း ထောက်ပံ့မှုများရှိနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦး ကြည်မြင့်၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်ခံရသည့် ကော်မရှင်အဖွဲ့ဝင်များနှင့် မဲရုံအဖွဲ့ဝင်များအနက် အချို့မှာ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲ ကောက်ယူစဉ် ကူးစက်ခံရခြင်းဖြစ်ပြီး အချို့ မှာ ရွေး ကောက်ပွဲနေ့နောက်ပိုင်း ကူးစက် ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် မဲရုံ အဖွဲ့ဝင်များ ရောဂါကူးစက်ခံရ၍ ၎င်းတို့၏ မိသားစုဝင်အချို့လည်း ရောဂါကူးစက်ခံရ ခြင်း၊ အသွားအလာကန့်သတ်ခံရခြင်းများ လည်းရှိခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းအချို့နှင့် ပဲခူး တိုင်းရှိကော်မရှင်အဖွဲ့ခွဲအချို့မှ ဝန်ထမ်းများ လည်း ရောဂါကူးစက်ခံရမှုများရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ တစ်သိန်းကျော်ရှိလာခဲ့ပြီး ရောဂါကူးစက်ခံရမှု အများဆုံးတိုင်းဒေသကြီးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ရောဂါကူး စက်မှုများပြားလျက်ရှိသည်။
ရွေးကောက်ပွဲကာလတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး COVID-19 ရောဂါပိုး ကူးစက်ခံရသည့် ဆရာ ဆရာမ ဦးရေသည် နိုဝင်ဘာလကုန်ပိုင်း ရရှိသော စာရင်းများအရ ၁၀၀ ကျော်ရှိကာ ရန်ကုန် တိုင်းအတွင်း ၆၀ ကျော်ကူးစက်ခံထားရ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမ များအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော် မျိုးလှိုင်၏ ပြောကြားထားချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်