
ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲမကျင်း ပနိုင်သည့် နယ်မြေအချို့တွင် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ရွေးကောက်ပွဲ ကျင်းပစေလိုကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ၏ ကြေညာချက်ကို ကြိုဆိုပြီး တပ်မတော်က လိုအပ်သည့်ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ သဝဏ်လွှာပေးပို့ရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေတချို့တွင် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ရွေးကောက်ပွဲ ကျင်းပပေးစေလိုသည့် ULA/AA အဖွဲ့၏ ကြေညာချက်အပေါ် တပ်မတော်က ကြိုဆိုကြောင်းနှင့် လိုအပ်သည့် ဆောင်ရွက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရခိုင်ပြည်နယ်ကို အကြောင်းတရားမျိုးစုံနှင့် ချဉ်းကပ်လာသည့် မတရားမှုတိုင်းအတွက် တပ်မတော်အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထား၍ အကာအကွယ်ပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ရာတွင် ဖော်ပြထားသည်။
ထိုသို့ အကာအကွယ်ပေးခြင်းသည် တပ်မတော်၏ သမိုင်းပေးတာဝန်လည်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးစေရေးကိစ္စများအတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးစားပုံဖော်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာ ပေးပို့သည်။
အခက်အခဲများကြုံလာတိုင်း မလျှော့သော ဇွဲ၊ လုံ့လများနှင့် ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားခဲ့ကြသည့် ရခိုင်တိုင်းရင်းသားများ၏ အနိုင်မခံ အရှုံးမပေးတတ်သည့် စိတ်ဓာတ်ကောင်းများကို အသိအမှတ်ပြုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် လူမှုဘဝတိုးတက်မှုလုပ်ငန်းများကိုသာမက အရေးပေါ်သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲညီညီ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာပေးပို့သည်။
ယနေ့ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ရခိုင်ပြည်နယ်အတွက် လိုအပ်သည့် ဆေးဝါးကုသရေး အသုံးအဆောင် ပစ္စည်းများကို စေတနာထက်သန်စွာ ပေးအပ်လှူဒါန်းခြင်း၊ ပါရဂူအပါအဝင် ဆေးအဖွဲ့များ စေလွှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ရခိုင်ဒေသသည် မြတ်ဗုဒ္ဓ၏ သာသနာ ထွန်းလင်းတောက်ပခဲ့သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်တို့ကဲ့သို့ပင် ရခိုင်ပြည်နယ်အတွင်းရှိသည့် လေးမြို့မြစ်၊ ကစ္ဆပနဒီ မြစ်တို့သည် မိမိတို့ဒေသ၏ အသက်သွေးကြောများဟု ဆိုနိုင်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် မတူညီသည့် ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များရှိကြောင်း၊ မတူကွဲပြားသော်လည်း အားလုံးသည် ဂုဏ်ယူဝံ့ကြွားဖွယ်ရာ ပုံရိပ်များပင်ဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ဂုဏ်ယူဝံ့ကြွားဖွယ်ရာ သမိုင်းမှတ်ကျောက်များနှင့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို မိမိတို့၏ ဘိုးဘွားများက အသက်၊ သွေး၊ ချွေးပေါင်း မြောက်မြားစွာဖြင့် ထုဆစ်ပုံဖော်ခဲ့ခြင်းဖြစ်သဖြင့် တည်ရှိပြီးသား ပိုင်နက် နယ်မြေ၊ ယဉ်ကျေးမှုများ ယုတ်လျော့ မသွားစေရန် ဥမကွဲ၊ သိုက်မပျက် စည်းလုံးညီညွတ်စွာ အမွေဆက်ခံသွားကြရမည်မှာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာ ပေးပို့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်