
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံပြီး သဘောတူညီချက်ရရှိအောင် ညှိနှိုင်း ဆွေးနွေးမည့်အစီအစဉ်အပေါ် ကြိုဆိုကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း NLD ပါတီမှ အိတ်ဖွင့်ပေးစာပေးပို့လာသည့် အချိန်တွင် မွန်ညီညွတ်ရေး ပါတီအနေဖြင့် သဘောထားချမှတ်ထားခြင်းရှိကြောင်း၊ ယင်းအိတ်ဖွင့်ပေးစာအပေါ်တွင်လည်း ဖိတ်ကြားသည့်အဓိပ္ပာယ်လည်းမဟုတ်ဘဲ တစ်စုံတစ်ခုကို ဆွေးနွေးရန် ကမ်းလှမ်းထားခြင်း လည်းမဟုတ်သည့်အတွက် ယင်းစာအပေါ်တွင် အကြောင်းပြန်ရန် မလိုအပ်ကြောင်း သဘောထားချမှတ်ခဲ့ကြောင်းနှင့် သို့သော်လည်း ယင်းအိတ်ဖွင့်ပေးစာပေးပို့လာသည့် အပေါ် ကြိုဆိုအသိအမှတ်ပြုကြောင်းကို ပါတီဗဟိုလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း နိုလယိတမက ပြောကြားသည်။
“အခု NLD ပါတီ CEC အစည်းအဝေး နောက်ပိုင်းမှာ မီဒီယာတွေမှာ ကြားရတဲ့ သတင်းတွေအရ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ကိုဖွဲ့ပြီးတော့ တိုင်းရင်းသားပါတီတွေနဲ ့တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတော့ ဘုံသဘောတူညီချက်ရအောင် ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိတယ်။ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဖို့ရှိတယ်ဆိုတဲ့ သတင်းအပေါ်မှာ ကျွန်တော်တို့က ဒါကို ကြိုဆိုတယ်။ ကျွန်တော်တို့အနေနဲ့လည်း တွေ့ဖို့အသင့် ပြင်ထားပါတယ်။ ကျွန်တော်တို့က ဘယ်လို ပဲဖြစ်ဖြစ် အနာဂတ်နိုင်ငံတော်နဲ့ပတ်သက် ပြီးတော့ ဒီလိုတိုင်းရင်းသားနိုင်ငံရေးပါတီ တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတော့ ဘုံ သဘောတူညီချက်ရအောင် ညှိနှိုင်းဆွေးနွေး သွားမယ်ဆိုတဲ့ NLD ရဲ့ သဘောထားကို ကြိုဆိုပါတယ်” ဟု နိုင်လယိတမက ပြောကြားသည်။
NLD ပါတီက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့တွင် ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံခါးနော်ဆမ်တို့ပါဝင်ပြီး ၎င်းတို့သုံး ဦးလုံးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပြင်ဆင်ထားတာက NLD ပါတီနဲ့ ဆွေးနွေးတဲ့အခါမှာ ကျွန်တော် တို ့တိုင်းရင်းသားတွေအပါအဝင် ကျွန်တော် တို့ပါတီဘက်ကရပ်တည်တဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်ထားတာရှိပါတယ်။ ဒီပြင်ဆင်ချက်တွေကိုလည်း အခြားသောတိုင်းရင်းသားပါတီတွေနဲ့လည်း ညှိနှိုင်းဆွေးနွေးနေပါတယ်။တိုင်းရင်းသားပါတီအားလုံး NLD နဲ့ ဆွေး နွေးတဲ့အခါမှာ တစ်သဘောတည်း၊ တစ်သံ တည်းထွက်ဖို ့ကျွန်တော်တို ညှိနှိုင်းနေဆဲအ ခြေအနေပါ” ဟု နိုင်လယိတမက ပြောကြား သည်။
နိုဝင်ဘာ ၈ ရက်ကပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးကိုယ် စားလှယ်နေရာအပါအဝင် မဲဆန္ဒနယ် ၅၄ နေရာကို ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ကိုယ်စားလှယ် ၃၁ ဦးနှင့် မွန်ညီညွတ်ရေး ပါတီမှ ကိုယ်စားလှယ်လောင်း ၁၄ ဦး အနိုင် ရရှိခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်